VOA ရေဒီယိုညပိုင်း၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ မြန်မာ့အရေးအာဆီယံသဘောတူညီချက် ၅ချက် အမြန်အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြောဆို၊ မြန်မာနိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ရေးအတွက် ကုလမဟာမင်းကြီးက အာဆီယံကိုတိုက်တွန်း၊ ၇ ဇူလှိုင် နှစ်ပတ်လည်အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လျပ်တပြတ်ဆန္ဒပြပွဲတွေပြုလုပ်၊ ကလေးနဲ့ချင်းပြည်နယ်မြို့တွေမှာ ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးမှုတွေတိုး၊ ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် အောက်ဆီဂျင်ဘူးလိုအပ်ချက်မလုံလောက်၊ ထိုင်းမြန်မာနယ်စပ် မဲဆောက် စက်ရုံကြီးသုံးခုကို ကိုဗစ်ကူးစက်မှုကြောင့် ပိတ်လိုက်ရ၊ ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်မှာ တိုက်ပွဲတွေဖြစ်ပွားတဲ့ သတင်းတွေကို နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်အစီအစဉ်တွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ ဦးကျော်ဇံသာရဲ့သတင်းသုံးသပ်ချက်တွေကို ထုတ်လွှင့်ပေးဖို့ရှိပါတယ်။ VOA ကိုနားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။