သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA ရေဒီယို ညပိုင်း၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု


ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။နောက်ဆုံးရမြန်မာနဲ့နိုင်ငံတကာသတင်းတွေနဲ့အတူ ဆန္ဒပြပွဲတွေကြောင့် ဖမ်းဆီးထိမ်းသိမ်းခံသူ နှစ်ထောင်ကျော်ကို မြန်မာစစ်ကောင်စီက ပြန်လွှတ်ပေးတဲ့သတင်းအပြင်၊ တောင်ငူဖက်မှာတော့ နှစ်ခြင်းဘာသာရေးခေါင်းဆောင် ငါးဦး ယာယီထိမ်းသိမ်းခံခဲ့ရတဲ့သတင်း၊ ဟားခါးနဲ့ ဖလမ်းမှာ စစ်ကောင်စီတွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲဖြစ်လို့ ထိခိုက်သေဆုံးမှုတွေရှိနေတဲ့သတင်း၊ မြစ်ကြီးနားမြို့အဝင် ၂၁မိုင်ဂိတ်ကို KIA က တိုက်ခိုက်တဲ့သတင်း၊ ရခိုင်မြောက်ပိုင်း စစ်ဘေးဒုက္ခသည်တွေ ရိက္ခာပြတ်လပ်နေတဲ့သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်အစီအစဉ်တွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ သတင်းသုံးသပ်ချက်နဲ့ အားကစားကဏ္ဍတွေကို ထုတ်လွှင့်ပေးဖို့ရှိပါတယ်။ VOA မြန်မာပိုင်းကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG