အီရတ်ကူးတို့သင်္ဘောမှောက်မှု ၉၄ ဦးထက်မနည်း သေဆုံး
အီရတ်နိုင်ငံ Mosul မြို့နားက Tigris မြစ်ထဲမှာ ခရီးသည် မတန်တဆတင်ဆောင်လာတဲ့ ကတို့သင်္ဘောတိမ်းမှောက်ခဲ့လို့ ၉၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ Kurd လူမျိုးတို့ရဲ့ နှစ်သစ်ကူးပွဲတော်နဲ့ အမေများနေ့ကို ဆင်နွဲကြသူခရီးသည် ၁၈၀ ကျော် ကတို့သင်္ဘောပေါ်မှာ ပါသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူအများစုက ရေစီးသန်တဲ့ကြားမှာ ရေကူးနိုင်ဖို့အခက်အခဲရှိကြတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ကြပါတယ်။ လောလောဆယ်အထိ သေဆုံးသူ ၉၄ ယောက်မှာ ကလေး ၁၉ ယောက်နဲ့ အမျိုးသမီး ၆၁ ယောက်ဖြစ်ကြပါတယ်။ ၅၅ ယောက်ကိုတော့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတာကြောင့် သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ သတင်းအပြည့်အစုံ - https://d2ftp12q6hmfvf.cloudfront.net/a/iraq-ferry/4842567.html
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ မတ်၊ ၂၀၂၅
ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
-
၁၃ မတ်၊ ၂၀၂၅
ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
-
၁၃ မတ်၊ ၂၀၂၅
အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
-
၁၂ မတ်၊ ၂၀၂၅
ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
-
၁၂ မတ်၊ ၂၀၂၅
လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို