နာကျင်ဝေဒနာကို သက်သာစေတဲ့ ကင်းမြီးကောက်အဆိပ်
အသက် ၇၈နှစ်အရွယ် ကျူးဘားနိုင်ငံသား Pepe Casanas ဟာ လွန်ခဲ့တဲ့ ၁၀စုနှစ်လုံးလုံးမှာ တစ်လကိုတစ်ခါ ကင်းမြီးကောက်တစ်ကောင် ဖမ်းပြီး အကိုက်ခံပါတယ်။ အကြောင်းရင်းကတော့ ကင်းမြီးကောက်ရဲ့ အဆိပ်ဟာ သူရဲ့ အဆစ်အမြစ်ရောင်ရောဂါကပေးတဲ့ နာကျင်မှုကို သက်သာစေတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ကုသမှုဟာ ထင်ကြေးမဟုတ်ဘူးဆိုတာကို သုတေသနတွေက တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ အပြာရောင်ရှိတဲ့ ကင်းမြီးကောက်ရဲ့အဆိပ်ဟာ အရောင်အကိုင်းနဲ့ နာကျင်မှုကိုသက်သာစေတဲ့ သတ္တိရှိတယ်ဆိုတာပါ။ ဒါ့အပြင် တချို့ကင်ဆာဝေဒနာသည်တွေမှာ ရောဂါပြန့်နှံ့မှုကိုလည်း နှောင့်နှေးစေတယ်လို့ ဆိုပါတယ်။ #voasocial #voaburmese
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ မတ်၊ ၂၀၂၅
ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
-
၁၃ မတ်၊ ၂၀၂၅
ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
-
၁၃ မတ်၊ ၂၀၂၅
အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
-
၁၂ မတ်၊ ၂၀၂၅
ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
-
၁၂ မတ်၊ ၂၀၂၅
လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို