BMWရဲ့ မောင်းသူမဲ့ မော်တော်ဆိုင်ကယ်
မောင်းသူမပါဘဲ သူ့ဘာသာသွားနိုင်တဲ့ R1200GS အမျိုးအစားမော်တော်ဆိုင်ကယ်တစ်စီးရဲ့ ဗီဒီယိုကို BMW ကုမ္မဏီက ပြသခဲ့ပါတယ်။ ဒီမော်တော်ဆိုင်ကယ်ဟာ အင်ဂျင်နှိုးတာကအစ အရှိန်လျှော့တာ၊ မြှင့်တာတွေအပြင် တဖြည်းဖြည်းချင်းရပ်တန့်သွားတဲ့အထိ လူရဲ့ အကူအညီမပါဘဲ လုပ်ဆောင်နိုင်တာပါ။ ဒါပေမယ့်လည်း သူ့ကို ဈေးကွက်ထဲမှာ ရောင်းချဖို့ထက် ဒီနည်းပညာကိုအခြေခံပြီး အနာဂတ်မော်တော်ဆိုင်ကယ်တွေမှာ ယာဉ်မောင်းတွေကို ဘေးကင်းလုံခြုံအောင်ပံ့ပိုးပေးဖို့အတွက် ပိုပြီးရည်ရွယ်တာဖြစ်ပါတယ်။ #voaburmese #voasocial
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ မတ်၊ ၂၀၂၅
ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
-
၁၃ မတ်၊ ၂၀၂၅
ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
-
၁၃ မတ်၊ ၂၀၂၅
အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
-
၁၂ မတ်၊ ၂၀၂၅
ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
-
၁၂ မတ်၊ ၂၀၂၅
လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို