ကမ္ဘာ့ဖလားရုပ်ထု အီတလီကို ဘာကြောင့်ရောက်နေ
၂၀၁၈ ဖီဖာ ကမ္ဘာ့ဖလားကျင်းပဖို့ အချိန် ၂လပဲ လိုတော့တဲ့အချိန်မှာ ပြိုင်ပွဲဝင်ဘောလုံးအသင်းတွေအနေနဲ့ ပြင်ဆင်နေကြသလိုပဲ အီတလီနိုင်ငံ မီလန်မြို့ ဆင်ခြေဖုံးရပ်ကွက်က ကုမ္ပဏီတစ်ခုဟာလည်း အရေးကြီးတဲ့ ပြင်ဆင်မှုတစ်ခုကို လုပ်နေရပါတယ်။ အဲဒါကတော့ ကမ္ဘာ့ဖလားရုပ်ထုကို မွမ်းမံပြုပြင်ပေးရတာပါ။ GDE Bertoni လို့ ခေါ်တဲ့ ဒီဆုတံဆိပ်လုပ်ငန်းဟာ ကမ္ဘာ့ဖလားရှိတဲ့ နှစ်တိုင်း အခုလို အရောင်တင်တာနဲ့ ဆေးပြန်မှုတ်တာတွေကို လုပ်ပေးရပါတယ်။ ဝမ်းနည်းစရာကတော့ သူတို့ရဲ့ နိုင်ငံအသင်းဟာ နှစ်(၆၀)အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပွဲကို မတက်နိုင်တဲ့နှစ် ဖြစ်နေတာပါ။ #voasocial #voaburmese
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ မတ်၊ ၂၀၂၅
ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
-
၁၃ မတ်၊ ၂၀၂၅
ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
-
၁၃ မတ်၊ ၂၀၂၅
အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
-
၁၂ မတ်၊ ၂၀၂၅
ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
-
၁၂ မတ်၊ ၂၀၂၅
လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို