ကူညီကယ်ဆယ်မှုလိုအပ်နေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်များ
ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ ဖြစ်ပွားနေတဲ့ လတ်တလော စစ်ပွဲကြောင့် နောက်ထပ် စစ်ဘေးရှောင် ဒုက္ခသည်တွေ တိုးလာနေပြီး ၊ အထူးသဖြင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေဟာ စစ်ရဲ့သားကောင်တွေ ဖြစ်နေကြပါတယ်။ ဒီလို စစ်ဘေးဒုက္ခသည်တွေကို အမေရိကန် အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်း စေတနာ့ဝန်ထမ်းတွေက အကူအညီ ပေးတာမျိုး ရှိပေမယ့် လောလောဆယ်မှာ ကူညီကယ်ဆယ်ရေး အခြေအနေ လျော့ကျလာနေတယ်လို့ ဝမ်ပေါင်နိမ်းထွဲ (ခေါ်) လူထုအလင်းရောင်အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်မေရီတွမ်က ပြောပါတယ်။ အမေရိကန်အစိုးရ တာဝန်ရှိသူတွေ၊ အကူအညီပေးရေး အဖွဲ့တွေကို လာရောက်တွေ့ဆုံတဲ့ ဒေါ်မေရီတွမ်ကို ကိုဉာဏ်ဝင်းအောင်က VOA စတူဒီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။
ဆက်စပ်သတင်းများ ...
ဗွီဒီယို ကြည့်ရှုရန်
-
၁၂ မတ်၊ ၂၀၂၅
Burma Act ဆက်လက်ရှင်သန်နိုင်ရေး အားထုတ်မှု
-
၀၂ မတ်၊ ၂၀၂၅
ကျားဖြန့်ဂိုဏ်းတွေ နှိမ်နင်းမှု စိန်ခေါ်ချက်များ