TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (စက်တင်ဘာ ၉ ရက် ၂၀၂၂)
ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ် ကွယ်လွန်မှုနဲ့ ကမ္ဘာတလွှားက ၀မ်းနည်းတုံ့ပြန်မှု၊ ဘုရင်မကြီး သမိုင်းဖြတ်သန်းမှုအပေါ် သုံးသပ်ချက် စတဲ့ ထိပ်တန်းရောက် သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ အပတ်စဉ် တင်ဆက်ပေးနေတဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (စက်တင်ဘာ ၉၊၂၀၂၂)
ဗြိတိန်ရဲ့ နန်းသက်အရှည်ဆုံးဘုရင်မကြီး ကွယ်လွန်ခဲ့ပြီးနောက် ကမ္ဘာတလွှားခေါင်းဆောင်တွေ ဝမ်းနည်းကြောင်း သတင်းစကားပါးကြပါတယ်၊အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးပွဲမှာ ရုရှားကို အကြမ်းဖက်မှုကျူးလွန်တဲ့နိုင်ငံသတ်မှတ်ဖို့ ယူကရိန်းသမ္မတတိုက်တွန်းခဲ့ပါတယ်.. စတာတွေနဲ့ သတင်းဆောင်းပါးတွေထုတ်လွှင့်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း စက်တင်ဘာလ (၉ )ရက်
ကွယ်လွန်သူ ဗြိတိန်ဘုရင်မကြီးအတွက် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ပြောကြားမှုတွေနဲ့ ဘုရင်မကြီးထားခဲ့တဲ့ legacy ကောင်းမွေဆိုးမွေ အကြောင်း မေးမြန်းခန်း အပြင် မြန်မာစစ်ကောင်စီကို အင်ဒိုနီးရှားမှာ တရားစွဲနိုင်ရေး လူ့အခွင့်ရေး လှုပ်ရှားသူတွေကြိုးပမ်း နေတာ၊အပတ်စဉ်ကဏ္ဍတွေကို နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။