TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၉-၀၉-၂၀၁၉)
- တာလီဘန်အဖွဲ့နဲ့ ဆွေးနွေးပွဲ ပျက်ပြားပြီးတဲ့နောက် အာဖဂန်နစ္စတန်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပိုများလာမှာကို စိုးရိမ်နေကြပါတယ်။ - အမေရိကန်ပြည်ထောင်စုနဲ့ သံတမန်ရေးဆိုင်ရာ အဓိက အခြေအတင်ဖြစ်နေတဲ့ အီရန် ရေနံတင်သဘောင်္ပေါ်က ရေနံတွေ ရောင်းပြီးသွားပြီလို့ အီရန်ဘက်က ပြောပါတယ်။ - မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ခိုင်မာအားကောင်းစေဖို့ တည်ထောင်ထားတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာအစိုးရကို တိုက်တွန်းသွားပါတယ်။