TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇူလိုင် ၉ ၊၂၀၂၂
ဂျပန်ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရမှု နိုင်ငံတကာခေါင်းဆောင်များတုံ့ပြန်ချက်၊ ယူကရိန်းစစ်ပွဲနောက်ဆုံးအခြေအနေ၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့သတင်း စတာတွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမျိုးသမီး၊ သုတစုံလင်အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဇူလိုင် ၉ ရက်၊ ၂၀၂၂
အိန္ဒိယ၊ မြန်မာနယ်စပ် အခြေအနေရှုပ်ထွေး၊ ဂျပန်ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရ၊ ဗြိတိန်ဝန်ကြီးချုပ် ရာထူးကနုတ်ထွက်ဖို့ ရှိ၊ ဒီလို မြန်မာနဲ့ ကမ္ဘာတပတ်အတွင်း သတင်းစုစည်းတင်ပြချက်နဲ့ မြန်မာမှာ စစ်ရေးပဋိပက္ခတိုးမြှင့်မှုကြောင့် ထွက်ပြေးရတဲ့ဒုက္ခသည်တွေ ရင်ဆိုင်ရတဲ့ အခက်အခဲများ သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၂ ဇူလိုင်လ ၉ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း ဇူလိုင် ၉၊ ၂၀၂၂
အမေရိကန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၂ ယောက် အင်ဒိုနီးရှားမှာတွေ့ဆုံ။ သီရိလင်္ကာသမ္မတအိမ်ထဲ ဆန္ဒပြသူတွေဝင်ရောက်။ Twitter ကုမ္ပဏီမဝယ်ဘူးလို့ပြောတဲ့ Elon Musk ကို Twitter တရားစွဲဖို့စီစဉ် စတဲ့သတင်းတွေနဲ့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာစတဲ့ အပတ်စဉ်ကဏ္ဍတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။