TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၀၉-၂၀၁၉)
အီရန်ဟာ ၂၀၁၅ ခုနှစ် နိုင်ငံတကာ သဘောတူညီချက်မှာ လက်ခံထားတဲ့ ယူရေနီယံ သန့်စင်မှု ပမာဏထက် ကျော်လွှန်ထုတ်လုပ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂ နိုင်ငံတကာ အနုမြူအေဂျင်စီ (IAEA) ကအတည်ပြုလိုက်တာ၊ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်း ဒေါ်လာ ၂.၂ ဘီလံယံဖိုး ရောင်းချဖို့ အမေရိကန်နိုင်ငံခြားရေးဌာနဖက်က အတည်ပြုပေးလိုက်တာ၊ ဟောင်ကောင်ကျွန်းမှာ အလိုရှိနေသူတွေကို တရုတ်ပြည်မကြီးထံ လွှဲပြောင်းပေးနိုင်မယ့် ဥပဒေမူကြမ်း လုံးဝနိဂုံးချုပ်သွားပြီးဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး Carrie Lam ကပြောဆိုလိုက်တာ စတာတွေကို တင်ပြထားပါတယ်။