TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇွန်လ ၉ ရက် ၂၀၂၃
ဗွီအိုအေ မြန်မာနံနက်ခင်း ဇွန်လ ၉ ရက် ၂၀၂၃ ကျောက်ကြီး မြို့နယ်တွင်း တိုက်ပွဲ ပြင်းထန်နေတာ၊ ကန်နဲ့ ဗြိတိန်ခေါင်းဆောင် ၂ ဦး သမ္မတအိမ်ဖြူမှာ တွေ့ဆုံဆွေးနွေးတာ။ ကနေဒါ တောမီးကြောင့် ကနေဒါနဲ့ ကန်မှာ ကြုံနေရတဲ့ လေထုအခြေနေ ဆက်သွယ်မေးမြန်းချက်တွေအပြင် ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာတွေ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်ပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇွန်လ ၉၊ ၂၀၂၃)
နိုင်ငံတော် လျှို့ဝှက်မှတ်တမ်းတွေကိုကိုင်တွယ်ပုံ နဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတဟောင်း Donald Trump ကို ဖလော်ရီဒါပြည်နယ်ဖက်ဒရယ်တရားရုံး Grand ဂျုရီအဖွဲ့က စွဲချက်တင်၊ မိုခါ မုန်တိုင်းသင့် ရခိုင်မြောက်ပိုင်းမှာ ကူညီ ကယ်ဆယ်ရေး အဖွဲ့တွေရဲ့ ခရီးသွားလာခွင့်တွေကို စစ်ကောင်စီရပ်ဆိုင်း၊ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာ စစ်ကောင်စီဘက်က အကောင်အထည်ဖို့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံ ခေါင်းဆောင်တွေကထပ်မံ တိုက်တွန်း
ဗွီအိုအေ မြန်မာညချမ်း ဇွန် ၉၊ ၂၀၂၃
သမ္မတဟောင်း Trump ကို ဖယ်ဒရယ်ဥပဒေချိုးဖောက်မှုနဲ့ စွဲချက်တင်၊ တောင်တရုတ်ပင်လယ်မှာ အာဆီယံပူးတွဲစစ်ရေးလေ့ကျင့်မယ်၊ ရခိုင်မှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေသွားလာခွင့် ရပ်ဆိုင်း၊ နယ်မြေရှင်းမှုအတွင်း ပုလဲမြို့နယ် ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံရ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ ထုတ်လွှင့်တင်ဆက်ထားပါတယ်။