TV Schedule
၂၀၂၂ ဇွန်လ(၉)ရက် ကြာသပတေးနေ့ မနက်ခင်း VOA
လူ့အခွင့်အရေး မဟာမင်းကြီး နှုတ်ထွက်ဖို့ အဖွဲ့အစည်း ၂၀၀ ကျော်တောင်းဆို ၊ ဆူဒန်ပဋိပက္ခ အဆုံးသတ်ရေး ကုလဦးဆောင်ဆွေးနွေး၊ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ရေး ဗီတိုလုပ်ရတဲ့အကြောင်း တရုတ်နဲ့ရုရှား ရှင်းပြ စတဲ့ထိပ်တန်းသတင်းများ။ မကွေးနဲ့ စစ်ကိုင်း စစ်ကောင်စီနဲ့ PDF တိုက်ပွဲ အထိအခိုက်များ၊ သေဒဏ်စီရင်လို့ စစ်ကောင်စီ ရည်မှန်းချက် ပေါက်မြောက်နိုင်မလား သတင်းပေးပို့ချက်နဲ့ အပတ်စဉ်ကဏ္ဍများ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၀၉-၂၀၂၂)
အမေရိကတိုက်နိုင်ငံများ ထိပ်သီးစည်းဝေးပွဲဖွင့်ပွဲမှာ ကမ္ဘာ့စိန်ခေါ်မှုတွေကို ဒေသတွင်း မိတ်ဖက်နိုင်ငံတွေနဲ့ အတူဖြေရှင်းသွားမယ်လို့ အမေရိကန်သမ္မတ Joe Biden က ကတိပြု၊ ယူကရိန်းအရှေ့ပိုင်း Donbas ဒေသရဲ့ အနာဂတ်က Sievierodonetsk မြို့တိုက်ပွဲမှာ မူတည်နေကြောင်း ယူကရိန်းသမ္မတပြော၊ ယူကရိန်းနဲ့ ရုရှားကထုတ်တဲ့ ဂျုံ၊ ပြောင်း တန် သန်းနဲ့ချီ တင်ပို့ခွင့်သဘောတူညီချက်တခုရနိုင်ဖို့ တကမ္ဘာလုံး ဝိုင်းဝန်းကြိုးပမ်းနေကြကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပြော
ဗွီအိုအေရေဒီယိုညပိုင်း ဇွန်၉၊၂၀၂၂
အစိုးရလျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှု ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးစွဲချက်တင်၊ မော်လမြိုင် WHO ဝန်ထမ်းတဦး ပစ်သတ်ခံရ၊ မြန်မာအတွက် ASEAN စာနာကူညီမှု ICRC ထည့်သွင်းဖို့ မလေးနိုင်ငံခြားရေးဝန်ကြီးအဆိုပြု စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။