TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဧပြီလ ၉ ရက် ၂၀၂၃
၂၀၂၃ မဟာသင်္ကြန် ကျင်းပမယ့် အခြေအနေ တင်ပြချက်၊ ထိုင်း-လာအို-မြန်မာ နယ်စပ်ဒေသက မီးခိုးမြူပြဿနာ ဖြေရှင်းဖို့ကြိုးစားနေတာ၊ ထိုင်းနိုင်ငံထဲ မြန်မာအများစုပါတဲ့ကားတိမ်းမှောက်တဲ့ သတင်းတွေ အပြင် အပတ်စဉ် တင်ဆက်နေတဲ့ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး - စီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဧပြီ ၉ ရက်၊ ၂၀၂၃
အီတလီ ဂန္တဝင် အနုပညာရှင် မိုက်ကယ်အန်ဂျယ်လိုရုပ်တုကြောင့် ကျောင်းဆရာမကြီး အလုပ်ထွက်ရတဲ့ထိဖြစ်၊ ဂျပန်က အမျိုးသားအင်္ဂါပွဲတော် ကာနားမားရာ့ပွဲတော်၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ပူပြင်းတဲ့ရာသီမှာ ဘယ်လိုနေထိုင်စားသောက်ဖို့လိုအပ် လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ဘန်ကောက် လမ်းညွှန်မှာ နေရာရတဲ့ မြန်မာစားသောက်ဆိုင်အကြောင်း နေရာပေါင်းစုံ၊ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဧပြီလ ၉ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း ဧပြီ ၉ ၊ ၂၀၂၂
ခရစ်ယာန်ဘာသာဝင်တွေရဲ့ အီစတာတနင်္ဂနွေဝတ်ပြုပွဲတွေကျင်းပ၊ ဂျေရုဆလင်မြို့ဟောင်းနေရာ လုံခြုံရေးတင်းကြပ်၊ စစ်တပ်နယ်မြေရှင်းနေတဲ့ မြင်းခြံမြို့နယ်ထဲ ရွာသားတွေဖမ်းဆီးခံရ စတဲ့သတင်းတွေအပြင် ဒီမိုကရေစီဖိုရမ်၊ မြင်ကွင်းကျယ်မှတ်စု၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှ ပေးစာများ၊ ထူးခြားဆန်းပြားသတင်းများ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။