TV Schedule
ဗွီအိုအေ မြန်မာပိုင်း ဗုဒ္ဓဟူးနေ့ နံနက်ခင်း (မတ်လ ၉ ရက်)
ဗွီအိုအေ မြန်မာပိုင်း ဗုဒ္ဓဟူးနေ့ နံနက်ခင်း (မတ်လ ၉ ရက်) ရုရှားရေနံတင်သွင်းမှု အမေရိကန်လုံးဝပိတ်ပင်လိုက်တဲ့ သတင်းအပါအ၀င် နောက်ဆုံးရနိုင်ငံတကာနဲ့ မြန်မာသတင်းတွေ၊ ကမ္ဘာပျက်သလိုဖြစ်နေတဲ့ ယူကရိန်းစစ်ဘေးဒုက္ခသည်တို့ အခြေအနေ၊ အမေရိကန် သမ္မတအိမ်ဖြူတော်မှာ ကျင်းပတဲ့ နိုင်ငံတကာအမျိုးသမီးများနေ့၊ အင်္ဂါညဆွေးနွေးခန်း၊ အမေရိကန်နိုင်ငံရေးအကြောင်းသိကောင်းစရာ၊ ကမ္ဘာတလွှားခရီးသွားစတဲ့ အပတ်စဉ်ကဏ္ဍတွေကို နားဆင်ကြည့်ရှုရမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၃-၀၉-၂၀၂၂)
ရုရှားတပ်တွေဝိုင်းထားတဲ့ ယူကရိန်း ဒေသအများအပြားကနေ အရပ်သားတွေ ထွက်သွားနိုင်ဖို့အတွက် နောက်ထပ် အပစ် အခတ်ရပ်စဲမယ့် အစီအစဉ်တွေ ရုရှားကြေညာ၊ ယူကရိန်းအရေး ပိုလန်နဲ့ ရိုမေးနီးယား နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး အမေရိကန်ဒုမ္မတ Kamala Harris ဆွေးနွေးဖို့ရှိ၊ ရုရှား သမ္မတ Vladimir Putin အနေနဲ့ ယူကရိန်း Kyiv မြို့တော်ကို အင်အားအလုံးအရင်းနဲ့သိမ်းကြုံး ထိုးစစ်ဆင်မယ့်ပုံရှိနေတယ်လို့ အမေရိကန် ထောက်လှမ်းရေးသုံးသပ်
VOA ရေဒီယိုညပိုင်း မတ်၉၊၂၀၂၂
အာဆီယံ-အမေရိကန်ထိပ်သီးအစည်းအဝေး ရွှေ့ဆိုင်း၊ NUG ဝန်ကြီး ဒေါ်အိသဉ္ဇာမောင် ရဲရင့်သောအမျိုးသမီးများဆုရရှိ၊ လက်နက်ကြီးကျည်ကျလို့ ယင်းမာပင် လက်ပံတောဒေသခံ ၁၁ဦးထက်မနည်းသေဆုံး.. စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုကျန်းမာရေး၊ သတင်းသုံးသပ်ချက်နဲ့ အားကစားအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။