TV Schedule
ဖေဖော်ဝါရီ ၉၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
တူရကီ၊ ဆီးရီးယားငလျင် သေဆုံးသူ ၁ သောင်းကျော်၊ တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းတွေ ကမ္ဘာ့တိုက်ကြီး ၅ တိုက်မှာတွေ့ရှိ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ဖိနှိပ်ခံရမှုအခြေအနေ စတာတွေအပြင် စစ်အာဏာသိမ်း ၂ နှစ်ပြည့် အထူးအစီအစဉ် သုံးသပ်ချက် ဒုတိယပိုင်းကိုလည်း တင်ဆက်ပေးထားပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ဝ၉၊ ၂၀၂၃)
တူရကီနဲ့ ဆီးရီးယားမှာ လှုပ်သွားခဲ့တဲ့ ငလျင်ကြောင့် သေဆုံး အရေအတွက်ဟာ ၁၆,၀၀၀ အထိ ရှိသွားပါပြီ။ယူကရိန်းသမ္မတ Zelensky ဟာ အီးယူ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ ဘယ်လ်ဂျီယံ နိုင်ငံ ဘရက်ဆဲလ်မြို့ကို ရောက်နေပါပြီ။အမေရိကန်စွမ်းအင်လုပ်ငန်း Chevron ကုမ္ပဏီ မြန်မာနိုင်ငံတွင်း ရတနာဓါတ်ငွေ့စီမံကိန်းက သူ့ရဲ့ရင်းနှီးမြှုပ်နှံမှု ၄၀ ရာခိုင်နှုန်းကျော်ကို ကနေဒါ စွမ်းအင်ကုမ္ပဏီ MTI ကို ရောင်း လိုက်ပြီလို့ စွမ်းအင်လုပ်ငန်းဆိုင်ရာ သတင်းတွေက ဖော်ပြ ....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဖေဖော်ဝါရီ ၉၊ ၂၀၂၃
ငလျင်ကြောင့် တူရကီ၊ ဆီးရီးယားမှာ သေဆုံးသူ ၁၆,၀၀၀ ကျော်၊ သမ္မတဦးဝင်းမြင့် မိသားစုနဲ့တွေ့၊ နွေဦးပန်းများ နိုင်ငံတကာ ညီလာခံကျင်းပ၊ ထန်တလန်မြို့ပေါ် စစ်တပ်လေကြောင်း တိုက်ခိုက်၊ မိုးဗြဲမြို့အနီး တိုက်ပွဲပြင်းထန်နေ၊ ရေရှားမှုကြုံနေတဲ့ ရေရှင်ရွာက စစ်ပြေးဒုက္ခသည်များ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။