TV Schedule
ဗွီအိုအေ မြန်မာ နံနက်ခင်း ( ဒီဇင်ဘာ ၉ ရက်၊ ၂၀၂၃)
ဗွီအိုအေ မြန်မာ နံနက်ခင်း ( ဒီဇင်ဘာ ၉ ရက်၊ ၂၀၂၃) Gaza မှာ Hamas တို့ရဲ့ မြေအောက်ဥမင်သစ်တွေကြောင့် တိုက်ပွဲအရှိန် မြှင့်ရတယ်လို့ အစ္စရေးကဆိုပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းအပြီး သတ်ဖြတ်မှု ပိုများလာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ ဒီလို နောက်ဆုံးရသတင်းတွေနဲ့အတူ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဒီဇင်ဘာ ၉ စနေ၊ ၂၀၂၃
ရှမ်းမြောက်မြို့သိမ်းတိုက်ပွဲများ စစ်နယ်မြေ ပိုချဲ့၊ ချင်းနဲ့ရခိုင်ဒေသ တိုက်ပွဲများ နေ့စဉ်ရှိနေ၊ အရပ်သား အိုးအိမ်စွန့် ပြေးရသူ သိန်းချီတိုး၊ စစ်ကောင်စီဝန်ကြီးနဲ့ တရုတ် ဘေကျင်းမှာတွေ့၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ ထိုင်းမြန်မာနယ်စပ် ကုန်သွယ်ရေးပြတ်တောက် ဒီလိုလယ်ယာစီးပွား သတင်းတွေ၊ စစ်ကောင်စီအကြီးအကဲ နိုင်ငံရေးနည်းနဲ့ဖြေရှင်းရေးပြောဆို သတင်းထောက်မှတ်စုတို့ကို ၂၀၂၃၊ ဒီဇင်ဘာ ၉ စနေ၊ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။