TV Schedule
စနေနေ့ မနက် ဗွီအိုအေ ရေဒီယို/ရုပ်သံ (၂၀၂၁ အောက်တိုဘာ ၉ ရက်)
၂၀၂၁ အောက်တိုဘာ ၉ ရက်နေ့မနက် အစီအစဉ်မှာတော့ အာဆီယံ-ကုလ အစည်းအဝေး ရွှေ့ဆိုင်းမှု မြန်မာ့အရေးနဲ့ ပတ်သက်ဖွယ်ရှိ သတင်းနဲ့အတူ မြန်မာစစ်ကောင်စီအပေါ် EU ဒဏ်ခတ်အရေးယူမယ့် အလားအလာ ၊ နေပြည်တော် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် တိုင်းရင်းသားပါတီတချို့အမြင်၊ ရိုဟင်ဂျာ ၈ သောင်းကျော် ဘာဆန်ချာကျွန်း ပြောင်းရွှေ့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ် စတဲ့အကြောင်းတွေ နားဆင်ရပါမယ်။ သီတင်းပတ်စဉ် အမျိုးသမီးကဏ္ဍ ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနည်းပညာကဏ္ဍ တွေကိုလည်း ထုတ်လွှင့်သွားမှာပါ။
ဗွီအိုအေ တပတ်အတွင်းသတင်း ( အောက်တိုဘာ ၉၊ ၂၀၂၁)
မြန်မာမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ ဖြေရှင်းရေး၊ လူ့အခွင့်ရေးနဲ့ မကိုက်ညီပဲ အုပ်ချုပ်စီမံမှုတွေကို ကိုင်တွယ်ရေး ကန်လွှတ်တော် ဥပဒေမူကြမ်း တင်သွင်း၊ အမေရိကန်ပြည်ထောင်စုမှာ အကြွေးယူနိုင်တဲ့ ပမာဏ တိုးပေးဖို့ အရေးတကြီးလိုအပ်၊ ဒီလို တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအနေအထား လူ့အခွင့်အရေး ရှေ့နေနဲ့ မေးမြန်းခန်း၊ ဒါတွေကို ၂၀၂၁ အောက်တိုဘာ ၉ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ စနေည ရေဒီယို/ရုပ်သံအစီအစဉ်
ဒေသတချို့မှာ စစ်တပ်က အင်အားတိုးနေ တဲ့အတွက် တိုက်ပွဲကြီးတွေဖြစ်လာမှာ စိုးရိမ်ကြောင်း ကုလသမဂ္ဂက ပြောတဲ့ သတင်းနဲ့အတူ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းများ၊ လက်နက် ခဲယမ်းတွေ မိတဲ့ထဲက လက်နက် တချို့ KIA ထုတ်လို့ စစ်ကောင်စီကပြောတာ ကို KIA က ငြင်းဆို၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး Google ရဲ့ ကြိုးပမ်းမှုနဲ့ နှင်းဖုံးတောင်တွေ ထိန်းသိမ်းရေး အီတလီပညာရှင်တွေ ကြိုးပမ်းချက်။ သီတင်းပတ်စဉ် - လူ့အခွင့်အရေးဆိုင်ရာ ဒို့အသံအစီအစဉ်နဲ့ စနေညစကားဝိုင်း။