TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇန်နဝါရီ ၉ ရက် ၂၀၂၃
ယူကရိန်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာ၊ ဘရာဇီးလ်လွှတ်တော်ကို သမ္မတဟောင်း ထောက်ခံသူတွေစီးနင်းတာ၊ ထိုင်းလေကြောင်းခရီးအတွက် ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း ပြဖို့လိုတာနဲ့ အပတ်စဉ်တင်ဆက်တဲ့ မြန်မာ့ဒီမိုကရေစီရေးရာ၊ ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း၊ ISP မြန်မာရဲ့ မြင်ကွင်းကျယ်မှတ်စု၊ မြန်မာပြည်မှပေးစာနဲ့ ထူးခြားဆန်းပြားသတင်းများအစီစဉ်တွေ တင်ပြထားပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီလ ၉၊ ၂၀၂၃)
ယူကရိန်း နိုင်ငံက စစ်ပွဲလို အရပ်သားတွေကို တိုက်ခိုက်တာက ဘုရားသခင်နဲ့ လူသားဆန်မှုကို ဆန့်ကျင်တဲ့ စစ်ပွဲတွေ ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး Francis ပြော၊ မက္ကဆီကိုရောက်နေတဲ့ အမေရိကန်သမ္မတ Joe Biden နဲ့ မက္ကဆီကိုသမ္မတ Andrés Manuel Lopez Obradorတို့ သီးခြား တွေ့ဆုံဖို့ရှိ၊ ဘရာဇီးနိုင်ငံမှာ တရားရုံးချုပ်၊ လွှတ်တော်နဲ့ သမ္မတအိမ်တော်တွေကို ဝင်ရောက်စီးနင်းခဲ့တဲ့ သမ္မတဟောင်း Jair Bolsonaro ကို ထောက်ခံသူ အနည်းဆုံး ၂၀၀ ကို ဖမ်းဆီးလိုက်တဲ့အကြောင်း ဘရာဇီး အရာရှိတွေ ပြော
ဗွီအိုအေ မြန်မာညချမ်း ဇန်နဝါရီ ၉ ၊ ၂၀၂၃
စစ်ကောင်စီက အာဆီယံ သဘောတူညီချက် အကောင်အထည်ဖော်ဖို့ အင်နီးရှားနဲ့ မလေးရှားခေါင်းဆောင်တွေတိုက်တွန်း၊ ပုလဲမြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဒေသခံကာကွယ်ရေးအဖွဲ့တွေတိုက်ခိုက် စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလော့ဂါတွေပြောသမျှအစီအစဉ်နဲ့ သက်တံရောင်သတင်းလွှာတို့ကို နားဆင်ကြရမှာပါ။