TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(စက်တင်ဘာ ၈ ၊၂၀၂၃)
ဗွီအိုအေမြန်မာနံနက်ခင်း(စက်တင်ဘာ ၈၊၂၀၂၃) ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်ထောင်တွင်းအခြေအနေ သားဖြစ်သူစိုးရိမ်ပူပင်၊ ထောင် အနှစ်၂၀ချခံခဲ့ရတဲ့မြန်မာသတင်းထောက်ကို လွှတ်ဖို့ နိုင်ငံတကာ တောင်းဆို စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြန်မာ့အရေးသုံးသပ်ချက်၊ကျန်းမာရေး၊တိုင်းရင်းသတင်းလွှာတွေ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ ( စက်တင်ဘာ ၊ ၀၈ ၊ ၂၀၂၃ )
အိန္ဒိယနိုင်ငံမှာ ကျင်းပမယ့် စီးပွားရေးအင်အားကြီးနိုင်ငံများ G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ နိုင်ငံတကာ ခေါင်းဆောင်တွေ ဒီနေ့ နယူးဒေလီမြို့ကိုရောက်ရှိနေပါပြီ။ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းဟာ G-20 စီးပွားရေးအင်အားကြီး နိုင်ငံတွေရဲ့ ဦးတည်ချက်တွေ ပြည့်မီအောင် ကြိုးပမ်းမှုကို တိုက်ရိုက်ခြိမ်းခြောက်နေတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက ပြောဆိုပါတယ်။ ရှေ့သီတင်းပတ် မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ လေတပ် စစ်ဦးစီးချုပ်များ အစည်းအဝေးကို အာဆီယံ အဖွဲ့ဝင်တချို့ တက်ရောက်မှာ မဟုတ်ပါဘူး။
ဗွီအိုအေ မြန်မာညချမ်း၊ စက်တင်ဘာ ၈၊ ၂၀၂၃
သမ္မတ Biden အပါအဝင် G20 ခေါင်းဆောင်တွေ အိန္ဒိယမှာရောက်နေ၊ မြန်မာကိုတိုးမြှင့်အရေးယူဖို့ G20 ကို NUG တောင်းဆို၊ ဝန်ထမ်းတွေ iPhone မသုံးဖို့ တရုတ်အစိုးရညွှန်ကြား၊ ကလေးသူငယ်ဥပဒေခံစားခွင့် မရကြတဲ့ မြန်မာနိုင်ငံက အကျဉ်းကျ ကလေးငယ်များ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။