TV Schedule
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (သြဂုတ် ၈ ရက်၊ ၂၀၂၁)
စစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရ သတင်းထောက်မှတ်စု၊ ကိုဗစ်ကိုပြန်တိုက်ချိန် ဂရုစိုက်ရမယ့် အာဟာရ လူထုနဲ့ ကျန်းမာရေး၊ ကမ္ဘာတလွှားခရီးသွား အစီအစဉ်၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အကြောင်း သတင်းတွေထဲက သုတ၊ ဒီအစီအစဉ်တွေကို ၂၀၂၁ သြဂုတ်လ ၈ ရက် တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု (သြဂုတ်၈၊၂၀၂၁)
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။၈လေးလုံး နှစ်ပတ်လည်နေ့မှာ စစ်အာဏာသိမ်းဆန့်ကျင်မှုဆန္ဒပြပွဲတချို့ရှိ၊ အီရတ်နိုင်ငံစစ်မက်ပြုခွင့် ကန် လွှတ်တော်ခွင့်ပြုမိန့် ပယ်ဖျက်ဖို့အခြေအနေ၊ ၂၀၂၂ ဆောင်းရာသီအိုလံပစ်အားကစားပွဲကို တရုတ်မှာကျင်းပမယ့်အပေါ် အငြင်းပွားမှုရှိနေ တာတွေကို နားဆင်ရပါတယ်။ အပတ်စဉ်ကဏ္ဍတွေမှာတော့ လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေအပေါ် ပြည်သူ့ပါတီဥက္ကဌဦးကိုကိုကြီးနဲ့သုံးသပ်ဆွေးနွေးထားတဲ့ မြန်မာ့အရေးဆွေးနွေးခန်း၊ ဦးစည်သူအောင်မြင့်ရဲ့ သတင်းသုံးသပ်ချက်၊ မြန်မာပြည်မှပေးစာများနဲ့ သတင်းထဲက သုတအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးဖို့ရှိပါတယ်။ VOA ကို နားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။