TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇွန်လ ၈ ရက် ၂၀၂၃
ဗွီအိုအေ မြန်မာနံနက်ခင်း ဇွန်လ ၈ ရက် ၂၀၂၃ ဒုသမ္မတဟောင်း Mike Pence ရီပတ်ဘလစ်ကင် သမ္မတလောင်းဝင် အရွေးခံမှာ။ ထိုင်း- မြန်မာ- လာအို အဝေးပြေးလမ်း တိုးချဲ့မှု ပြီးစီးတာနဲ့ ရိုဟင်ဂျာအရေး အင်ဒိုနဲ့မလေး ပူးပေါင်းဆောင်ရွက်မယ့် သတင်းတွေအပြင် အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ လူထုနဲ့ကျန်းမာရေး၊ အားကစား စတဲ့အပတ်စဉ်ကဏ္ဍတွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇွန် ၀၈၊ ၂၀၂၃)
အမေရိကန်ကို ရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ်နဲ့ အမေရိကန်သမ္မတတို့ အိမ်ဖြူတော်မှာ တွေ့ဆုံကြမှာပါ။ပင်လယ်ကွေ့ဒေသရဲ့ လုံခြုံရေး နဲ့ လူသားချင်းစာနာ ကူညီမှုတွေ အတွက် ရန်ပုံငွေ တိုးမြှင့်ပေး သွားမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ကြေညာပါတယ်။မြန်မာနိုင်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း အဖမ်းခံရသူတွေဘက်ကအမှုလိုက်ပေးတဲ့ ရှေ့နေတွေ ခြိမ်းခြောက်ခံရတာ၊ ဖမ်းဆီး နှိပ်စက်ညှင်းပမ်း ခံကြရတဲ့အကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က အစီရင်စာ ထုတ်ပြန် ...စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဇွန်လ ၈ ရက် ၂၀၂၃
ဒေသကာကွယ်ရေးအဖွဲ့တွေက ချင်းပြည်နယ်အတွင်း ခရီးသွားခွင့် ကန့်သတ်၊ ရခိုင်က စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်တွေ လျှပ်စစ်မီးပြန်ရ၊ ဒေါ်လာ ၁၀ သန်းဖိုး မြန်မာပိုင်ကုန်ပစ္စည်းတွေ ယူနန်အာဏာပိုင်တွေ သိမ်းဆည်း၊ အတိုက်အခံတွေအတွက် အမှုလိုက်ပေးတဲ့ မြန်မာရှေ့နေတွေ ခြိမ်းချောက် ဖမ်းဆီးခံနေရ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေကို နားဆင်ကြရမှာပါ။