TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မတ်လ ၈၊ ၂၀၂၂။
ယူကရိန်း - ရုရှား စစ်ရေး နောက်ဆုံးရ အခြေအနေ၊ တအန်းအမျိုးသား ပါတီရဲ့ မိုင်ကိုင် ဥက္ကဌရဲ့ ရုပ်အလောင်း ပြန်တွေ့တဲ့ အကြောင်း၊ စစ်အုပ်ချုပ်ရေးအောက် လှိုင်သာယာမှာ ညတိုင်း ဧည့်စာရင်း စစ်နေတဲ့ အခြေအနေ၊ အာဖဂန်မှာ ချို့တဲ့သူတွေ ကလေးတွေကို ရောင်းစားနေတဲ့ အကြောင်း အပြင် အပတ်စဉ် ကဏ္ဍတွေမှာတော့ စီးပွားရေး ၊ ဘလော့ဂါတွေ ပြောသမျှနဲ့ သက်တန့်ရောင် သတင်းလွှာတို့ကို နားဆင်ကြရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၃-၀၈-၂၀၂၂)
ယူကရိန်းနဲ့ ရုရှား အပစ်ရပ် သဘောတူထားတဲ့ မြို့ကြီး ငါးမြို့ကနေ မြို့သူမြို့သားတွေ စတင်ထွက်ခွါ၊ ယူကရိန်းစစ်ပွဲအရပ်သား ထိခိုက်နစ်နာမှုတွေ ရှောင်ကြဖို့ ကုလသမဂ္ဂတိုက်တွန်း၊ ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကမ္ဘာ့နိုင်ငံအများအပြားကျင်းပနေချိန် ယူကရိန်းအမျိုးသမီး သိန်းနဲ့ချီ အိုးအိမ်စွန့်ခွာထွက်ပြေး... စတဲ့သတင်းတွေ အပါအ၀င် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။
VOA ရေဒီယိုညပိုင်း မတ်၈၊၂၀၂၂
အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ၊ မြန်မာအမျိုသမီးများလုံခြုံမှုမဲ့ ခံစားနေရတယ်လို့ ကုလအစီရင်ခံစာထုတ်ပြန်၊ လေကြောင်းဗုံးကြဲလို့ ဒီးမောဆို ဆောင်ဒူလာကျေးရွာလူနေအိမ်တချို့ပျက်စီး .စတဲ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ ကမ္ဘာတလွှားခရီးသွား၊ အမေရိကန်နိုင်ငံရေးနဲ့ အင်္ဂါနေ့စကားဝိုင်းအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။