TV Schedule
ဖေဖော်ဝါရီ ၈၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
သမ္မတဘိုင်ဒင် နိုင်ငံတော်အခြေပြမိန့်ခွန်းပြော၊ တူရကီ၊ ဆီးရီးယား ငလျင်ကြောင့် သေဆုံးသူ ၇၈၀၀ ကျော်၊ တိုက်ပွဲတွေဖြစ်ရာ ဟုမ္မလင်း၊ ရွှေပြည်အေးမြို့မှာ အရပ်သားတချို့အသတ်ခံရ စတာတွေအပြင်၊ အမေရိကန်နိုင်ငံရေး၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ဝ၈၊ ၂၀၂၃)
အမေရိကန်သမ္မတ Joe Biden က သူ့ရဲ့ သမ္မတ သက်တမ်း ၂ နှစ်အတွင်း ဥပဒေပြုရေးနဲ့ မူဝါဒရေးရာ အောင်မြင်မှုတွေကို လွှတ်တော်နှစ်ရပ်ရှေ့ ပြောကြားတဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။သမ္မတ Joe Biden ဦးဆောင်တဲ့ အမေရိကန် အစိုးရဟာ တိုင်းပြည်အတွက် အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတဲ့အတွက် ပြုပြင်ပြောင်းလဲဖို့ လိုနေပြီဆိုပြီး Arkansas ပြည်နယ် အုပ်ချုပ်ရေးမှုး Sarah Huckabee Sanders က ရီပတ်ဗလစ်ကန်ဘက်က တုံပြန်မိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။တူရကီ နဲ့ ဆီးရီးယား မြေငလျင်ကြောင့် သေဆုံးသူ ၉၅၀၀ ကျော်သွားပြီဖြစ်ပြီး အသက်ရှင်ကျန်ခဲ့သူတွေ ကို ရှာဖွေနေပါ ....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဖေဖော်ဝါရီ ၈ ၊ ၂၀၂၃
သမ္မဘိုင်ဒန်ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်း၊ EAO အဖွဲ့တွေ RCSS ဌာနချုပ်မှာ အလွတ်သဘောဆွေးနွေး၊ ယင်းမာပင်နဲ့ ဆားလင်းကြီးက မီးဘေးသင့်ပြည်သူတွေရဲ့ အခက်အခဲ၊ အထောက်အထားမဲ့မြန်မာ ၃၀ ထိုင်းရဲဖမ်းမိ စတာတွေနဲ့ ဦးကျော်ဇံသာရဲ့ စစ်အာဏာသိမ်း ၂ နှစ်ပြည့် အထူးအစီအစဉ် အပိုင်း-၂ တို့ကို နားဆင်ကြရမှာပါ။