TV Schedule
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (အောက်တိုဘာ ၈ ရက်၊ ၂၀၂၃)
ဂျပန်က လူစီး ဧရာမစက်ရုပ်ကြီး၊ နာရီရာချီ ပျင်းကြသူများ၊ ဒီလို ထူးခြားဆန်းပြားသတင်းတွေ၊ အာဟာရမျှတတဲ့ အစားအသောက်ဆိုတာ ... လူထုနဲ့ ကျန်းမာရေး၊ နောက်တော့ မြန်မာစစ်ကောင်စီ တောင်းတဲ့ အခွန်အပေါ် ရွှေ့ပြောင်းလုပ်သားတွေ သဘောထားအကြောင်း နေရာပေါင်းစုံအကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ အောက်တိုဘာ ၈၊ တနင်္ဂနွေ ဗွီအိုအေတီဗွီ မဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (အောက်တိုဘာ ၈၊ ၂၀၂၃)
ထိုင်းနိုင်ငံ ကုန်တိုက်တခုမှာ သေနတ်ပစ်ခတ်မှုအတွင်း သေဆုံးသူတွေကို ဘတ်ငွေ သန်းနဲ့ချီ လျော်ကြေးပေးမယ်လို့ ထိုင်းအစိုးရက ပြောကြားခဲ့တာ၊ အစ္စရေးနိုင်ငံထဲ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ပါလက်စတိုင်းဟားမတ်စ် စစ်သွေးကြွတွေကို အစ္စရေးစစ်တပ်က အပြင်းအထန်ချေမှုန်းနေတာ၊ အာဖဂန်မှာ လှှုပ်ခဲ့တဲ့ ငလျှင်ကြောင့် သေဆုံးသူဦးရေ ၈၀၀ ထိ တိုးလာနေတာ စတဲ့သတင်းတွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေကို နားဆင်ကြည့်ရှုရမှာပါ။