TV Schedule
သောကြာနေ့မနက် VOA ရေဒီယို-ရုပ်သံ (၂၀၂၁ အောက်တိုဘာ ၈ ရက်)
၂၀၂၁ အောက်တိုဘာ ၈ ရက်နေ့ မနက် ထုတ်လွှင့်ချက်ထဲမှာတော့ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေ ပိုဖိလာတာကြောင့်ဆိုပြီး ဒေသခံ PDF တပ်တွေ စုပေါင်းခုခံသွားမယ့် အခြေအနေ၊ မိုးနဲ့နွေ စပါးဈေးတွေကို အာဏာပိုင်တွေက လျော့ချ သတ်မှတ်လိုက်တာကြောင့် လုပ်ငန်းအရှုံးပေါ် မှာကို လယ်သမားတွေ စိုးရိမ်နေကြ ၊ ဒေါ်စုနဲ့ တွေ့ခွင့်ပေးဖို့ အာဆီယံက တောင်းဆိုထားတာကို စစ်ကောင်စီက ငြင်းနေတာကြောင့် အာဆီယံနဲ့ စစ်ကောင်စီ ဆက်ဆံရေး ဘယ်လိုဆက်ဖြစ်လာမလဲ ၊ ခြင်တွေကို သားကြောဖြတ်ပြီး ရောဂါသယ်ပို့နေတာကို တားနိုင်တဲ့နည်း ပညာရှင်တွေ တွေ့ရှိ - စတဲ့ သတင်းပေးပို့ချက်တွေနဲ့ အတူ၊ ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက် ၊ ဦးဝင်းမင်းရဲ့ ကျန်းမာရေးကဏ္ဍနဲ့ တိုင်းရင်းသတင်းလွှာ အပတ်စဉ်ကဏ္ဍတွေကို နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၁၀-၀၈-၂၀၂၁)
အမေရိကန်အစိုးရရဲ့ ချေးငွေပမာဏ ထပ်တိုးရေးကိစ္စ ဒီဇင်ဘာလ အစောပိုင်းအထိ အချိန်ယူဖြေရှင်းဖို့ အထက်လွှတ်တော် သဘောတူ၊ ဒေါ်အောင်ဆးန်စုကြည်အပေါ် အဂတိလိုက်စားမှု စွဲချက် တရားရုံး ဆက်လက်စစ်ဆေး၊ ဒီနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆု သတင်းစာဆရာ နှစ်ဦး ပူးတွဲရရှိ စတဲ့ နောက်ဆုံးရသတင်းတွေ တင်ပြထားပါတယ်။
ဗွီအိုအေ သောကြာည ရေဒီယို/ရုပ်သံလွှင့် အစီအစဉ်
အောက်တိုဘာ ၈ - ဥရောပပါလီမန်က CRPH နဲ့ NUG ကိုထောက်ခံကြောင်း ဆုံးဖြတ်ခဲ့တဲ့သတင်းနဲ့အတူ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းများ၊ ဒေါ်အောင်ဆန်းစုကြည် အဂတိအမှု ဦးဖြိုးမင်းသိန်းကို ရှေ့နေတွေ ပြန်လှန်မေးခွန်းထုတ်၊ ရခိုင်ဝန်ကြီးချုပ် ဦးညီပု ၅၀၅ (ခ) နဲ့ ထောင် ၂ နှစ်ချမှတ်ခံရ၊ နှိမ်နင်းမှုတွေကြား ဘာ့ကြောင့် ဆက်ပြီး ဆန္ဒပြနေကြတာလဲ၊ လီဒိုလမ်းပေါ်မှာ KIA နဲ့ စစ်တပ်ကြား တိုက်ပွဲဆက်ဖြစ်။ သီတင်းပတ်စဉ် - အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ။