TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇန်နဝါရီ ၈ ရက် ၂၀၂၃
အပစ်ရပ်ကြေညာထားတဲ့ ရုရှားက ယူကရိန်းကို ဆက်ပြီးတိုက်နေတာ၊ တရုတ်ကိုဗစ်ကန့်သတ်မှုကို ဝေဖန်တဲ့ ဝေဘို အကောင့် တွေ အပိတ်ခံရတာ၊ ကားတိုက်မှုကြောင့် သေဆုံးရသူ မြန်မာလုပ်သား ထိုင်းဆေးရုံကို ခန္ဓာအစိတ်ပိုင်းလှူဒါန်းတဲ့ သတင်းတွေအပြင် အပတ်စဉ်တင်ဆက်နေတဲ့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့ ကမ္ဘာ့သတင်းတွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဇန်နဝါရီ ၈ ရက်၊ ၂၀၂၃
မုန်းသူစိတ်ကြိုက်ထိုး လက်ဝှေ့ပွဲ၊ ပြိုင်မြင်းအလား နွား၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ အဆီစားမှု ဆက်တွဲ ရောဂါများအကြောင်း လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ထိုင်းနိုင်ငံက မြန်မာလမ်းဘေးဆိုင်အကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဇန်နဝါရီ ၈ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း ဇန်နဝါရီ ၈ ၊ ၂၀၂၃
ရိုဟင်ဂျာ ၁၈၅ ယောက် အင်ဒိုနီးရှား အာချေးကမ်းခြေကိုထပ်ရောက်၊ မက္ကဆီကိုနယ်စပ်ကဒုက္ခသည်အရေး သမ္မတဘိုင်ဒန် သွားလေ့လာမည် စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီရေးရာ၊ ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း၊ ISP မြန်မာရဲ့ မြင်ကွင်းကျယ်မှတ်စု၊ မြန်မာပြည်မှပေးစာကဏ္ဍနဲ့ ထူးခြားဆန်းပြား သတင်းများတို့ကို နားဆင်ရမှာပါ။