TV Schedule
နေ့စဉ် တီဗွီသတင်းလွှာ(စက်တင်ဘာ၊၀၇၊၂၀၂၃)
မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရေး မျှော်လင့်ချက်တွေဟာ စနစ်တကျ ဖိနှိပ်မှုတွေကြား ကွယ်ပျောက်သွားတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က ပြောလိုက်ပါတယ်။အာဆီယံထိပ်သီး အစည်းအဝေးမှာ တွေ့ဆုံကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ တင်းမာမှုတွေကို လျှော့ချကြဖို့ အင်ဒိုနီးရှား သမ္မတ Joko Widodo က တောင်းဆိုပါတယ်။ မြောက်ကိုရီးယားနိုင်ငံတည်ထောင်တဲ့ ၇၅ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ဖို့ တရုတ် ဒုတိယ ဝန်ကြီးချုပ် Liu Guozhong ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ လာမယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (စက်တင်ဘာ ၇၊ ၂၀၂၃)
မြန်မာ့ဒီမိုကရေစီရေး မျှော်လင့်ချက်တွေ ဖိနှိပ်ခံနေရကြောင်း ကုလအကြီးအကဲ အာဆီယံမှာပြော၊ ရိုဟင်ဂျာနေရပ်ပြန်နိုင်ရေး အကူအညီပေးကြဖို့ နိုင်ငံတကာကို ဘင်္ဂလားဒေ့ရှ်တိုက်တွန်း စတာတွေအပြင် မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အပတ်စဉ်ကဏ္ဍတွေကိုလည်း တင်ဆက်ထားပါတယ်။