TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း၊ ဇူလိုင် ၇၊ ၂၀၂၂
စစ်ကောင်စီအပေါ် ဒဏ်ခတ်မှုတွေ တိုးမြှင့်ဖို့ သြစတြေးလျအစိုးရစဉ်းစား၊ အမေရိကန် လွတ်လပ်ရေးနေ့မှာ ပစ်ခတ်သူ ပထမဆုံးအကြိမ်ရုံးထုတ်၊ လူ့အခွင့်အရေးအကျိုးဆောင် ရှေ့နေတချို့ ဖမ်းဆီးခံရ၊ အထောက်အထားမဲ့ မြန်မာအများအပြား ထိုင်း-မလေး နယ်စပ်မှာဖမ်းဆီးခံရ စတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ လူထုနဲ့ကျန်းမာရေး၊ သတင်းသုံးသပ်ချက်နဲ့ အားကစားအစီအစဉ် စတဲ့ အပတ်စဉ်ကဏ္ဍတွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၀၇-၂၀၂၂)
အနောက် မဟာမိတ်တွေထံက လက်နက်ကြီးတွေနဲ့ ရုရှားကို ထိထိရောက်ရောက် တုံ့ပြန်နိုင်ကြောင်း ယူကရိန်းသမ္မတ ပြောကြား၊ ဗြိတိန်ဝန်ကြီးချုပ် Johnson ပါတီခေါင်းဆောင်နေရာက နုတ်ထွက်။ G20 နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲ ယူကရိန်းအရေး အဓိက လွှမ်းမိုးနိုင်..စတဲ့ နောက်ဆုံးရသတင်းနဲ့ သတင်းဆောင်းပါးတွေ တင်ပြထားပါတယ်။
ဗွီအိုအေမြန်မာညချမ်း ဇူလှိုင်၇၊၂၀၂၂
၇ ဇူလှိုင်အထိမ်းအမှတ် တတ်ကြွလှုပ်ရှားသူတွေဆန္ဒပြ၊ NLD အစိုးရလက်ထက် ရွေးကောက်ဥက္ကဌနဲ့ အဖွဲ့ဝင်နှစ်ဦး ထောင် ၃နှစ်စီချမှတ်ခံရ၊ ဗြိတိန်ဝန်ကြီးချုပ် အာဏာရပါတီခေါင်းဆောင်ကနေနှုတ်ထွက် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။