TV Schedule
ဗွီအိုအေ နံနက်ခင်း ရေဒီယို အစီအစဉ် ဇွန် ၇၊ ၂၀၂၂။
မြန်မာ့ အရေး ဆွေးနွေးမယ့် အမေရိကန် နိုင်ငံခြားရေး အကြံပေးရဲ့ အာရှ ခရီးစဉ်၊ တရားမ၀င် အုပ်ချုပ်ရေးလို့ သုံးတဲ့ ပြင်သစ်ကို စစ်ကောင်စီ တုံ့ပြန်၊ စစ်ကိုင်းတိုင်းက ကျေးရွာတွေ မီးရှို့ခံရတာ စစ်တပ် လက်ချက်လို့ ဒေသခံတွေ ပြောဆို၊ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလော့ဂါတွေ ပြောသမျှ၊ သက်တန့်ရောင် သတင်းလွှာတို့ကို နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၀၇-၂၀၂၂)
ယူကရိန်းနိုင်ငံ အရှေ့ဘက် Sievierodonetsk မြို့ လမ်းမတွေပေါ်မှာ ရုရှားနဲ့ ယူကရိန်း တပ်ဖွဲ့တွေအပြင်းအထန်တိုက်ခိုက်၊ အမေရိကန် နဲ့ တောင်ကိုရီးယား က တိုက်လေယာဉ် ၂၀ နဲ့ လေကြောင်း အင်အားပြ၊ မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲမှုကို ကန့်သတ်တာ၊ ဖြတ်တောက်တာ၊ အွန်လိုင်းဆင်ဆာလုပ်တာ၊ ထောက်လှမ်းတာတွေလုပ်နေတဲ့အပေါ် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တွေဝေဖန်
ဗွီအိုအေရေဒီယိုညပိုင်း ဇွန်၇၊၂၀၂၂
မြန်မာနိုင်ငံတွင်း အင်တာနက်ထိန်းချုပ်မှု ကုလအထူးကိုယ်စားလှယ်များဝေဖန်၊ မိုင်းလားအဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတည်ထောင်ခွင့် တောင်းဆိုခဲ့၊ အာရှနိုင်ငံတချို့ မြန်မာလုပ်သားတွေခေါ်ယူဖို့ ကမ်းလှမ်း စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်းတိုများ၊ အမေရိကန်နိုင်ငံရေး၊ ISP မြင်ကွယ်ကျယ်မှတ်စုနဲ့ ကမ္ဘာတလွှားခရီးသွားအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။