TV Schedule
ဗွီအိုအေ မြန်မာပိုင်း မနက်ခင်း၊ ဧပြီ ၇ ရက်၂၀၂၃
လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် စစ်ကောင်စီပယ်ချ၊ မြန်မာဘက် တိုက်ပွဲကြောင့် ထိုင်းဘက်ကို ထွက်ပြေးသူ များပြား၊ ဥရောပကော်မရှင်ဥက္ကဌ တရုတ်သမ္မတနဲ့ ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေး စတဲ့ သတင်းတွေနဲ့အတူ ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေး၊တိုင်းရင်းသတင်းလွှာ တွေကို တင်ဆက်မှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (ဧပြီ ၇၊ ၂၀၂၃)
ယူကရိန်းနိုင်ငံထွက် ကောက်ပဲသီးနှံတွေ ပင်လယ်နက်ဒေသကို ဖြတ်ပြီး နိုင်ငံတကာကို တင်ပို့နိုင်ရေး ရုရှားဘက်က ဆက်လက် လမ်းဖွင့်ပေးဖို့ ရုရှားနဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီးတွေညှိနှိုင်း၊ ထိုင်ဝမ်သမ္မတ နဲ့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌတို့တွေ့ဆုံခဲ့တာကို ကန့်ကွက်တဲ့အနေနဲ့ အမေရိကန် အဖွဲ့အစည်း ၂ ခုကို တရုတ်အစိုးရက ပိတ်ပင်၊ ကရင်ပြည်နယ် မြဝတီခရိုင်၊ ရွှေကုက္ကိုဒေသဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ထောင်နဲ့ချီရှိတဲ့ စစ်ဘေးရှောင်တွေ ထိုင်းနိုင်ငံဘက်ကို ဆက်ပြီး ထွက်ပြေး
ဗွီအိုအေ မြန်မာညချမ်း ဧပြီ ၇၊ ၂၀၂၃
ရုရှားထွက်ကုန်တင်ပို့နိုင်ရေး အတားအဆီးတွေဖယ်ပေးဖို့ ရုရှားတောင်းဆို၊ Tennessee ပြည်နယ်လွှတ်တော်အမတ် ၂ ယောက်ဖယ်ရှားခံရ၊ ဒေါက်တာခလမ် ဆမ်ဆွမ်ကို ထောင် ၆ နှစ်ချ၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို မသုံးကြဖို့ KNLA နဲ့ပူးပေါင်းတပ်တွေသတိပေး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။