TV Schedule
ဒီဇင်ဘာ ၇၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ယူကရိန်းသမ္မတ ရှေ့တန်းစစ်မျက်နှာသွားရောက်၊ ကမ္ဘာ့ဖလားမှာ ပေါ်တူဂီနဲ့ မော်ရိုကို ကွာတားဖိုင်နယ်တက်၊ ကချင်နှစ်ခြင်းခရစ်ယာန် ခေါင်းဆောင် ဖမ်းဆီးခံထားရ စတာတွေအပြင်၊ အမေရိကန်နိုင်ငံရေး၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၇၊ ၂၀၂၂)
အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်က အထက်လွှတ်တော် တကျော့ပြန် ရွေးကောက်ပွဲမှာ လက်ရှိ ဒီမိုကရက် အထက်လွှတ်တော်အမတ် Raphael Warnock အနိုင်ရသွားပါတယ်။ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် ရဲ့ ကုမ္ပဏီ ဟာ ကုမ္ပဏီ ရဲ့ ထိပ်ပိုင်း အရာရှိတွေ အခွန်လိမ်ဖို့ ဆောင်ရွက်ခဲ့တဲ့အတွက် အပြစ်ရှိကြောင်း တရားရုံး ဂျုရီ လူကြီးတွေက ဆုံးဖြတ်လိုက်ပါတယ်။တရုတ်နိုင်ငံမှာ တင်းကြပ်တဲ့ ကိုဗစ်စည်းကမ်းတွေကို တနိုင်ငံလုံး ဖြေလျှော့ပေးလိုက်ပါတယ်။ ဒီသတင်းနဲ့အတူ သတင်းဆောင်းပါးနဲ့ အပတ်စဉ်အစီအစဉ်တွေ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဒီဇင်ဘာ ၇၊ ၂၀၂၂
Trump အိမ်ခြံမြေကုမ္ပဏီ ရာဇဝတ်မှုကျူးလွန်ခဲ့လို့ တရားရုံးဆုံးဖြတ်၊ ဂျာမနီမှာ အာဏာသိမ်းဖို့ကြိုးစားတယ်ဆိုသူ ၂၀ ကျော်ကိုဖမ်းဆီး၊ သေဒဏ်ချခံရသူ လူငယ်တွေ အယူခံတက်ဖို့ ခက်ခဲစတဲ့သတင်းတွေအပြင် ဥပဒေမဲ့သတ်ဖြတ်မှုများ ဆက်လုပ်နေကြဦးမလား သုံးသပ်ချက်ပါတဲ့ အပတ်စဉ်ကဏ္ဍတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။