TV Schedule
နေ့စဉ် တီဗွီသတင်းလွှာ (၁၂-၀၇-၂၀၂၁)
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်မှုဟာ မြန်မာ့ ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးရေးကို ထပ်ပြီး စော်ကားလိုက်တာလို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ရှုတ်ချ၊ ကုလသမဂ္ဂမှာ မြန်မာနဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေ အတွက် ကိုယ်စားပြုမယ့်သူနေရာ ဆိုင်းငံ့ထားတဲ့ ဆုံးဖြတ်ချက်ကို အထွေထွေညီလာခံမှာ အများ သဘောတူ၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ဟာ မြန်မာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံ
VOA ရေဒီယိုညပိုင်း ဒီဇင်ဘာ၇၊၂၀၂၁
ကမ္ဘောဒီယားဝန်ကြီးချုပ် မြန်မာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကိုလက်ခံတွေ့ဆုံ၊ မန်းဝန်ကြီးချုပ် အမှုသုံးမှု အပြီးသတ်အမိန့်ချဖို့ရှိနေ၊ ဆားလင်းကြီး ဒုံးတောကျေးရွာသား ၉ဦး ကျည်ထိမှန်ပြီး မီးရှိုံသတ်ခံရဟု ဒေသခံများပြောဆို စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမေရိကန်နိုင်ငံရေးအကြောင်း သတင်းဆောင်းပါး၊ ကမ္ဘာတလွှားခရီးသွား အစီအစဉ်၊ အင်္ဂါညဆွေးနွေးခန်းအစီအစဉ်တွေကို နားဆင်ရဖို့ရှိပါတယ်။