TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇန်နဝါရီ ၇ ရက် ၂၀၂၃ စနေနေ့
စစ်ကောင်စီကဖမ်းထားတဲ့ ကျန်နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ဖို့ ကုလက တောင်းဆိုတာ၊ မြန်မာ့အရေးကူညီဖို့ ထိုင်းကို ကန်ရောက်မြန်မာတွေ တောင်းဆိုတာနဲ့ ရှမ်းမြောက်ပိုင်းဒေသ ရွေးကောက်ပွဲ အလားအလာ အပြင် အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဇန်နဝါရီ ၇ ရက်၊ ၂၀၂၃
မြန်မာတနိုင်ငံမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာ ယာယီရပ်ဆိုင်း၊ မြန်မာနိုင်ငံမှာ တရားရေး အလျော့ပါးဆုံးအခြေအနေနဲ့ ရင်ဆိုင်ရလို့ ဥပဒေကျွမ်းကျင်သူတွေ ပြောဆို၊ ပူတင် အမိန့်နဲ့ ယူကရိန်းကို တစ်ရက်ခွဲ အပစ်ရပ်၊ တရုတ်ကိုဗစ်မြင့်တက်မှု ကုတင်မလောက်တဲ့ထိဖြစ်၊ ဒီလို မြန်မာနိုင်ငံနဲ့ ကမ္ဘာ တပတ်အတွင်းသတင်း စုစည်းတင်ပြချက်တွေ၊ နောက်ပိုင်းမှာတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ် ဘယ်လိုသံတမန်ရေး အားပြိုင်မှုတွေရှိပါလဲ၊ သတင်းထောက်မှတ်စုတို့ကို ၂၀၂၃ ဇန်နဝါရီ ၇ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇန်နဝါရီ ၇၊ ၂၀၂၃)
ရီပတ်ဘလစ်ကန်အမတ် McCarthy အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာ၊ မြန်မာ ၁၀၀ ကျော် မလေးရှားမှာ ခိုးဝင်မှုနဲ့ ဖမ်းဆီးခံရ စတဲ့ နောက်ဆုံးရ သတင်းတွေနဲ့ အာဏာသိမ်းမှုနဲ့ လူမှုစီးပွားဒုက္ခတွေကြား စိတ်ကျန်းမာရေး ပြဿနာအကြောင်း ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ အစီအစဉ်နဲ့ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာ သတင်းစုစည်းချက်တွေ တင်ပြထားပါတယ်။