TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၉-၀၆-၂၀၁၉)
- ဇင်ဘာဘွေ နိုင်ငံသမ္မတဟောင်း ရောဘတ်မူဂါဘီ အသက် ၉၅ နှစ်မှာ ကွယ်လွန်သွားပါတယ်။ - ဒိုရီးယန်းဟာရီကိန်း မုန်တိုင်းဟာ ပြင်းအား အဆင့် ၁ ကို လျော့သွားပေမဲ့ အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်း တောင်နဲ့ မြောက် ကယ်ရိုလိုင်းနား ပြည်နယ်တွေမှာ လေဆင်နှာမောင်းတိုက်ခတ်မှုတွေ၊ မိုးကြီး ရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ - ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ခလမ်ဆမ်ဆွမ်ကို စစ်တပ်က တရားစွဲဖို့ ပြင်ဆင်နေတဲ့အပေါ် စိုးရိမ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။