TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ်လ ၆ ရက် ၂၀၂၃
မြဝတီနဲ့ ဘီးလင်း-သထုံလမ်းတွေမှာ ရေကြီးနေတာ၊ နိုင်ဂျာက အာဏာသိမ်းစစ်ခေါင်းဆောင်က ရုရှားကြေးစားတပ်အကူညီယူဖို့ လုပ်နေတာ၊ မတည်ငြိမ်တဲ့ မဏိပူပြည်နယ်မှာ အိမ်မီးအရှို့ခံရလို့ ၃ ဦးသေဆုံးတဲ့ သတင်းတွေအပြင် အပတ်စဉ်တင်ဆက်နေကျ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဩဂုတ် ၆ ရက်၊ ၂၀၂၃)
မစ်ကီမောက်စ်နေကြာခင်း၊ ဘာသာပြန်ပြူတင်းပေါက်များ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ပြီးတော့ မိုးတွင်းအချိန် သတိထားရမယ့် ရောဂါတွေအကြောင်း လူထုနဲ့ ကျန်းမာရေး၊ နောက်တော့ ထိုင်းက ဘုရားသုံးဆူနဲ့ နေရာပေါင်းစုံအကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဩဂုတ် ၆၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (သြဂုတ် ၆၊ ၂၀၂၃)
မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှု အဆုံးသတ်ရေး တော်လှန်ရေး အင်အားစုတွေ သဘောထားထုတ်ပြန်၊ လဲချားမှာ စစ်ကောင်စီနဲ့ SSPP တိုက်ပွဲဖြစ် စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။