TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း၊ ဇူလိုင် ၆၊ ၂၀၂၂
ယူကရိန်းအရှေ့ဖက်မှာ ရုရှားထိုးစစ်အရှိန်မြှင့်၊ ကန်နဲ့တရုတ် နိုင်ငံခြားရေးဝန်ကြီးတွေ G-20 မှာ သီးသန့်တွေ့မည်၊ အိန္ဒိယနိုင်ငံသား ၂ ဦး တမူးမြို့မှာ အသတ်ခံရ၊ ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းအစိုးရ အထောက်အထားလက်မှတ် ထုတ်ပေးမည် စတဲ့ သတင်းတွေနဲ့ လူမှုကွန်ယက်ပေါ်က သတင်းထူးများ၊ အမေရိကန်နိုင်ငံရေး၊ မြင်ကွင်းကျယ်မှတ်စု၊ ကမ္ဘာတလွှား ခရီးသွား အပတ်စဉ်ကဏ္ဍတွေကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၀၆-၂၀၂၂)
ယူကရိန်းအရှေ့ခြမ်း ရုရှား ပစ်ခတ်မှု အရပ်သား ၅ ဦးသေဆုံး၊ ၂၁ ဦး ဒဏ်ရာရ။ G20 ဆွေးနွေးပွဲ အပြင်ဘန်းမှာ မြန်မာ့အရေး ဆွေးနွေးနိုင်၊ ရှီကာဂိုမြို့ လွတ်လပ်ရေးနေ့ ချီတက်ပွဲ ပစ်ခတ်မှု သံသယရှိ လူငယ်ကို လူသတ်မှု ၇ မှုနဲ့ တရားစွဲ…စတဲ့ နောက်ဆုံးရသတင်းတွေနဲ့ သတင်းဆောင်းပါးတွေ တင်ပြထားပါတယ်။
ဗွီအိုအေမြန်မာညချမ်း ဇူလှိုင်၆၊၂၀၂၂
လောပိတာကျေးရွာအနီး တိုက်ပွဲပြင်းထန် စစ်ကောင်စီလေကြောင်းအသုံးပြု၊ ကာမိုင်းက ဖားကန့်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၆ဦးဖမ်းဆီးခံရ၊ စစ်ကိုင်းတိုင်းအတွင်း မိုဘိုင်းအင်တာနက်ပြတ်တောက်လို့ သတင်းအချက်အလက်ရရှိမှုခက်ခဲ စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ သတင်းသုံးသပ်ချက်နဲ့ အားကစားအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။