TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မေ ၆ ရက် ၂၀၂၃
ချားလ်စ်ဘုရင် နန်းတက်ပွဲ ကမ္ဘာ့ခေါင်းဆောင်တွေတက်ရောက်မှာ၊ ဌာနေပြန်ရေး ရိုဟင်ဂျာဒုက္ခသည်တွေ လက်မခံတာ၊ ကိုဗစ် အရေးပေါ်အခြေနေ ကျော်လွန်ပြီလို့ WHO ကေ ပြာတာနဲ့ ကန်ရောက်မြန်မာကျောင်းသားတွေရဲ့လှုပ်ရှားမှုတွေ အပြင် အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ မေ ၆ ရက်၊ ၂၀၂၃
မြန်မာနယ်စပ် အွန်လိုင်း ရာဇဝတ်မှု လုပ်ငန်းတွေမှာ အဓမ္မခိုင်းခံနေရသူ နိုင်ငံခြားသားတွေ ကယ်ဆယ်ရေး၊ မြန်မာ သတင်းလွတ်လပ်ခွင့် ပိုမိုကျဆင်း၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေ၊ ထိုင်း မြန်မာ ကုန်သွယ်ရေးနှေးကွေးတဲ့အခြေအနေ၊ ပြီးတော့ လယ်ယာထွက်ကုန်ဈေးအတက်အကျ အစရှိတဲ့ လယ်ယာစီးပွားသတင်းတွေ၊ နောက်ပိုင်းမှာတော့ နိုင်ငံတကာတရားရုံးမှာ မြန်မာခုခံခြေပရမယ့်ရက် နောက်ဆုတ်ပေးဖို့ စစ်ကောင်စီတောင်းဆိုတာ အပေါ်သုံးသပ်ချက် မေးမြန်းခန်းတို့ကို ၂၀၂၃၊ မေ ၆ စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (မေလ ၆၊ ၂၀၂၃ )
ဗြိတိန်နိုင်ငံ တတိယမြောက်ချားလ်စ် ဘုရင် နန်းတက်ပွဲအခမ်းအနား တကမ္ဘာလုံးက ခေါင်းဆောင်တွေ တက်ရောက် ကျင်းပ၊ မြန်မာစပါးအုံး အောင်လရဲ့ MMA နောက်ထပ်အောင်ပွဲ၊ ဒီလို နိုင်ငံတကာနဲ့ ဒေသတွင်းသတင်းတွေ၊ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံ အစီအစဉ်၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ စသည်တို့ကို တင်ဆက်ထားပါတယ်။