TV Schedule
၂၀၂၂မေလ၆ ရက် သောကြာနေ့ မနက်ခင်းVOAအစီအစဉ်
ဗြိတိန်-ဂျပန် ဝန်ကြီးချုပ် ၂ ဦး လုံခြုံရေးကိစ္စ ဆွေးနွေး၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ရဲ့ ဂျူဆန့်ကျင်ရေးစကား ရုရှားသမ္မတ ပူတင် တောင်းပန်၊ လွှတ်တော် အဆောက်အဦထဲ ဝင်ဖို့ကြိုးပမ်းတဲ့ သီရိလင်္ကာကျောင်းသားတွေကို ရဲ နှိမ်နင်း စတဲ့ ထိပ်တန်းရောက်သတင်းတွေနဲ့အတူ စစ်ကိုင်းတိုင်း ကျေးရွာ နယ်မြေရှင်းလင်းမှု အိမ်ခြေ ၇၀၀ လောင်ကျွမ်း ၃ ဦးသေဆုံး၊ ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်ပြီး ဒေသခံတွေထွက်ပြေးရ စတဲ့ သတင်းပေးပို့ချက်တွေအပြင် စစ်ကောင်စီခေါင်းဆောင်ခေါ်တဲ့ ဆွေးနွေးပွဲအပေါ် အမြင်သဘောထား စတာတွေကိုလည်းနားဆင်ကြည့်ရှုရမှာပါ။ အပတ်စဉ် ကဏ္ဍ - ကျန်းမာရေး၊ မြန်မာ့အရေးသုံးသပ်ချက်နဲ့ တိုင်းရင်းသတင်းလွှာအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၅-၀၆-၂၀၂၂)
ယူကရိန်းနိုင်ငံ Mariupol မြို့ သံမဏိစက်ရုံမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးဖို့ တတိယအကြိမ် ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေ လုပ်နေပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ပြော၊ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့တိုးတက်မှုတွေ ရှိတယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးPrak Sokhonn ပြော၊ ထိုင်းနိုင်ငံထဲကို ထွက်ပြေးလာတဲ့ မြန်မာ ဒုက္ခသည်တွေကို နေရပ်အတင်းအကျပ် ပြန်ပို့တာမျိုး မလုပ်ဘဲ အကာအကွယ်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတခုဖြစ်တဲ့ Fortify Rights အဖွဲ့က ထိုင်းအစိုးရကိုတောင်းဆို
ဗွီအိုအေရေဒီယိုညပိုင်း မေ၆၊၂၀၂၂
မြန်မာလူသားချင်းစာနာမှုအကူအညီပေးရေး နယ်မြေ၅ခု ကနဦးသတ်မှတ်၊ စစ်ကောင်စီငြိမ်းချမ်းရေးပွဲ KNPP နဲ့ CNF မတတ်၊ စစ်ကိုင်း ကလေးမြို့နယ် တင်သားကျေးရွာ မီးရှို့ခံရ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမျိုးသမီးရေး၊ သုတစုံလင်အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ အစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။