TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မတ်လ ၆၊ ၂၀၂၂။
ယူကရိန်းမှာ လူသားချင်းစာနာမှု အကူအညီ ပေးနိုင်ရေး ကုလသမဂ္ဂ အေဂျင်စီတွေက တောင်းဆိုနေတဲ့ အကြောင်း ၊ လူ့အခွင့်အရေး အခြေအနေတွေကို စုစည်းတင်ပြနေတဲ့ ဒို့အသံ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင် ကမ္ဘာ၊ တပတ် အတွင်း ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာ သတင်းများ စုစည်းချက်တွေကို ထုတ်လွှင့်ပေးမှာပါ။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (မတ် ၆၊ ၂၀၂၂)
ဘီပိုးနဲ့ စီပိုးရထားသူတွေ ကျန်းမာအောင် ဘယ်လိုဆက်ပြီးနေနိုင်ထိုင်သလဲ လူထုနဲ့ကျန်းမာရေး၊ အီတလီက သိပ်လှပတဲ့ ကာနီဗယ်လ်ပွဲတော် ကမ္ဘာတလွှားခရီးသွား၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သတင်းထဲက သုတ၊ ဒါ့အပြင် ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ မတ်လ ၆ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း မတ်၆၊၂၀၂၂
ယူကရိန်းနိုင်ငံဖြစ်တည်မှု ပူတင်ခြိမ်းခြောက်ပြောဆို၊ ဒီပဲယင်းနဲ့ကနီ ကျေးရွာတချို့မီးရှို့ဖျက်ဆီးခံရ၊ မြန်မာစစ်အာဏာသိမ်းပြီး ဥပဒေစိုးမိုးမှုအားနည်းလို့ ရာဇဝတ်မှုထူပြောလာ. စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာများ၊ သတင်းထဲက သုတနဲ့ ထူးခြားဆန်းပြားသတင်းများတို့ကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။