TV Schedule
ဇန်နဝါရီ ၆၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
ယူကရိန်းမှာ ယာယီအပစ်အခတ်ရပ်စဲရေး ရုရှားသမ္မတကြေညာ၊ ကန်လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်ရေး အောင်မြင်မှုမရသေး၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အစီအစဉ်အပေါ် အကဲခတ်တချို့အမြင် စတာတွေအပြင်၊ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗြီသတင်းလွှာ (ဇန်နဝါရီ ၆၊ ၂၀၂၃)
ရုရှားလိုလားတဲ့ ယူကရိန်းခွဲထွက်ရေးပြည်သူ့စစ်တပ်ဖွဲ့တွေ ၂၀၂၂ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ရုရှားတပ်တွေနဲ့ တရားဝင်ပေါင်းစည်းသွားတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနရေး၊ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ရွေးဖို့ လွှတ်တော်အမတ်တွေ နောက်တကြိမ် မဲပေးဖို့ရှိ၊ အမေရိကန်လွှတ်တော်အဆောက်အဦးကို လူအုပ်ကြီး တိုက်ခိုက်ခဲ့တာ ၂ နှစ်ပြည့် သေဆုံးခဲ့တဲ့ ရဲအရာရှိတွေအတွက် အောက်မေ့ဂုဏ်ပြုပွဲကျင်းပဖို့ရှိ
ဗွီအိုအေ မြန်မာညချမ်း ဇန်နဝါရီ ၆၊ ၂၀၂၃
အမေရိကန်ကို တရားမဝင် မလာကြဖို့ သမ္မတဘိုင်ဒန်သတိပေး၊ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ခုထိမရွေးနိုင်၊ ရွေးကောက်ပွဲကိစ္စ ရှမ်းမြောက်အဖွဲ့တွေနဲ့ စစ်ကောင်စီဆွေးနွေး၊ ၂၀၂၂ ခုနှစ်တွင်းသေဆုံးခဲ့တဲ့ ထင်ရှားသူတွေထဲ ကိုဖြိုးဇေယျာသော်ပါဝင် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။