TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ်လ ၅ ရက် ၂၀၂၃
ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ်လ ၅ ရက် ၂၀၂၃ မြန်မာစစ်ကောင်စီနွယ် လူပုဂ္ဂိုလ်နဲ့ လုပ်ငန်းတခု ဆွစ်ဇလန်အရေးယူတာ၊ မြန်မာကို စစ်လက်နက်ပစ္စည်းမရောက်ရေး ဝိုင်းဝန်းတားဆီးဖို့ Tom Andrews တောင်းဆိုတဲ့ သတင်းတွေနဲ့ စစ်ကောင်စီအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှု အပေါ် သုံးသပ်သူတွေရဲ့ အမြင်တွေအပြင် အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဩဂုတ် ၅ ရက်၊ ၂၀၂၃)
စစ်ကောင်စီ အုပ်ချုပ်မှုသက်တမ်း နောက်ထပ် ၆ လ သက်တမ်းတိုး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တစိတ်တပိုင်း လွတ်ငြိမ်းသက်သာခွင့်ပေးတာ ဝေဖန်ခံရ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ ဆန်ဈေးအများကြီးတက် အပါအဝင် လယ်ယာစီးပွားသတင်းတွေ၊ နောက် သတင်းထောက်မှတ်စုတို့ကို ၂၀၂၃၊ ဩဂုတ် ၅ စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ ဩဂုတ် ၅၊ ၂၀၂၃
ဒဏ်ခတ်ထားတဲ့မြန်မာဘဏ်တွေနဲ့ ချိတ်ဆက်လုပ်ငန်းတွေ အရေးယူမယ်လို့ အမေရိကန်ကြေညာ၊ ဘောလခဲမြို့နယ် ရွာသစ်မြို့မှာ ပြည်သူရာချီ ပိတ်မိနေ၊ ရုရှားရေနံတင်သင်္ဘောကို ယူကရိန်းဒရုန်းနဲ့တိုက်ခိုက်၊ အမျိုးသမီးကမ္ဘာ့ဖလား ဂျပန်နဲ့ စပိန် ကွာတားတက် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။