TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၀၅-၂၀၁၉)
- လူ ၂၉ ဦးသေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ လူတွေ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အမေရိကန် မြို့ကြီး ၂ မြို့မှာ သီးခြားစီ ဖြစ်ပွားခဲ့တဲ့ သေနတ်သမား ၂ ဦးရဲ့ ပစ်ခတ်မှု ၂ ခု နောက်ကွယ်က အကြောင်းရင်းကို အာဏာပိုင်တွေ စုံစမ်းနေပါတယ်။ - ဟောင်ကောင်ကျွန်းမှာ အထွေထွေသပိတ်မှောက်လိုက်တဲ့အတွက် ဒေသခံတွေ အလုပ်သွားဖို့ အခက်အခဲဖြစ်နေပြီး လေယာဉ် အစီး ၂၀၀ လည်း ခရီးစဉ် ဖျက်လိုက်ရပါတယ်။ - မြန်မာစစ်တပ်ရဲ့ စီးပွားရေးအဆက်အသွယ်တွေကို ဖေါ်ထုတ်ပြီး ပစ်မှတ်ထား အရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအချက်အလက် ရှာဖွေရေးအဖွဲ့က နိုင်ငံတကာကို တောင်းဆိုပါတယ်။