TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း ဇူလှိုင်၅၊၂၀၂၃
အမေရိကန်လွတ်လပ်ရေးနေ့ သမ္မတဘိုင်ဒန် စစ်တပ်မိသားစုတွေကိုဂုဏ်ပြု၊ “စစ်အာဏာသိမ်း ၂နှစ်အတွင်း ဘာသာရေးအဆောက်အဦး၂၀၀နီးပါး တိုက်ခိုက်ခံရ” ICJ အစီရင်ခံ စတဲ့သတင်းတွေနဲ့အပတ်စဉ်ကဏ္ဍတွေမှာ အမေရိကန်နိုင်ငံရေး၊ဆိုရှယ်မီဒီယာပေါ်လူကြည့်များသတင်းများ၊ကမ္ဘာတလွှားခရီးသွားအစီအစဉ်တွေထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၀၅၊ ၂၀၂၃)
ပါလက်စတိုင်းဘက်က ဟားမတ်စ် စစ်သွေးကြွတွေ အသုံးပြုတဲ့ လက်နက်ထုတ်လုပ်ရေး နေရာကို ပစ်မှတ်ထားပြီး ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။မြန်မာစစ်တပ်ဟာ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ ပိုင်ဆိုင်မှုတွေကို အကာအကွယ်ပေးဖို့ မြေမြှုပ်မိုင်းတွေကို တိုးမြှင့်အသုံးပြုနေတဲ့ အကြောင်း မြန်မာ့အရေး အကဲခတ်တွေက သတိပေးပြောဆိုပါတယ်။ဒေါ်အောင်ဆန်းစုကြည် အပေါ်စွဲဆိုထားတဲ့ အမှုတွေထဲက အမှု ၂ မှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအဆင့် အထက်တရားရုံးမှာ အယူခံ လျှောက်လဲချက်ကို ဒီကနေ့ နေပြည်တော် တရားရုံးမှာ ကြားနာစစ်ဆေး...စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဇူလိုင် ၅ ရက်၊ ၂၀၂၃
KIA ဌာနချုပ် လိုင်ဇာအနီးမှာ တိုက်ပွဲတွေ အရှိန်မြင့်ဖြစ်ပေါ်နေ၊ ရိုဟင်ဂျာအရေး စုံစမ်းစစ်ဆေးဖို့ ICC ရှေ့နေချုပ် ဘင်္ဂလာ့ဒေ့ရှ်ရောက်၊ တရုတ်အကျိုးစီးပွားကာကွယ်ဖို့ မြန်မာစစ်တပ် မြေမြှုပ်မိုင်း ပိုအသုံးပြုလာ တို့အပြင် အယ်ဒီတာနဲ့ဆွေးနွေးခန်း၊ လူထုနဲ့ကျန်း၊ အားကစားကဏ္ဍတို့ကို နားဆင်ကြရမှာပါ။