TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇူလိုင် ၅၊ ၂၀၂၂
မြန်မာ- ရုရှားပူးတွဲကြီးကြပ်မယ့်အကြမ်းဖက်မှုတိုက်ဖျက်ရေးညီလာခံ နယူးဇီလန်မတက်ဖို့ဆုံးဖြတ်၊ မဲခေါင်-လန်ချန်း အစည်းဝေးရဲ့ မြန်မာ့နိုင်ငံရေး အပေါ် သက်ရောက်မှု၊ အမေရိကန် ဒေါ်လာ ပြန်သုံးရမယ့် တရုတ်မြန်မာ နယ်စပ် ကုန်သွယ်ရေး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွါးရေး၊ ဘဘောဂါတွေပြောသမျှ၊ သက်တံရောင်သတင်းလွှာ စတာတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၀၅-၂၀၂၂)
Luhansk ပြည်နယ် ရုရှားတပ်တွေအောင်ပွဲခံဟု ရုရှားသမ္မတကြေညာ၊ ဖင်လန်နဲ့ ဆွီဒင်နှစ်နိုင်ငံ နေတိုးမဟာမိတ်အဖွဲ့ဝင်အဖြစ် တရားဝင်လက်ခံဖို့ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို နေတိုးအဖွဲ့ဝင်တွေ လက်မှတ်ထိုး၊ ထိုင်းနိုင်ငံဝေဟင်ပိုင်နက်ထဲကို တိုက်လေယာဉ် ကျုးကျော် ပျံသန်းခဲ့လို့ မြန်မာစစ်ကောင်စီက တောင်းပန်စာပို့မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော... စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။
ဗွီအိုအေမြန်မာညချမ်း ဇူလှိုင်၅၊၂၀၂၂
AA တပ်စခန်းဗုံးကြဲတိုက်ခိုက်ခံရ တပ်ဖွဲ့ဝင်၆ဦးသေဆုံး၊ ဖယ်ခုံမြို့နယ်အတွင်း ဒေသခံကာကွယ်ရေးနဲ့ စစ်ကောင်စီ တိုက်ပွဲပြင်းထန်၊ ထိုင်း-မြန်မာနယ်စပ် ထိုင်းစစ်တပ်လုံခြုံရေးတိုးမြှင့် စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍမှာတော့ အမေရိကန်နိုင်ငံရေး၊ ဆိုရှယ်မီဒီယာပေါ်က လူကြိုက်များသတင်းများ၊ မြင်ကွင်းကျယ်အစီအစဉ်နဲ့ ကမ္ဘာတလွှားခရီးသွား အစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။