TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း ဇွန်၅၊၂၀၂၃
ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ကိုးကန့်နဲ့ မြန်မာစစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွား၊ ထိုင်ဝမ်ရေလက်ကြား ထိပ်တိုက်ဖြစ်မှု တရုတ်ကာကွယ်ရေးဝန်ကြီးခုခံပြောဆို စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ ဒီမိုကရေစီရေးဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာများ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြားသတင်းများတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇွန်လ ၅၊ ၂၀၂၃)
ယူကရိန်းနိုင်ငံ တောင်ပိုင်း Donetsk ဒေသမှာ ယူကရိန်းတပ်ဖွဲ့တွေက အလုံးအရင်း နဲ့ထိုးစစ်ဆင်လာတာကို ခုခံတားဆီးနိုင်ခဲ့တဲ့အကြောင်း ရုရှားပြော၊ အမေရိကန်နဲ့ ရုရှားအကြား နူးကလီးယား လက်နက် ထိန်းချုပ်ရေး ဆွေးနွေးပွဲ ကျင်းပဖို့ အမေရိကန် တောင်းဆိုတာကို အကောင်းမြင် ကြိုဆိုတဲ့အကြောင်း ရုရှားအစိုးရ တုံ့ပြန်၊ ရုရှားဟာ မြန်မာနဲ့ အိန္ဒိယလို နိုင်ငံတွေဆီကနေ တင့်ကားသုံး စစ်လက်နက် အပို ပစ္စည်းတချို့ကို ပြန်ဝယ်နေတယ်လို့ သံသယရှိတဲ့အကြောင်း အကောက်ခွန်စာရင်းတွေကို ကိုးကားပြီး ဂျပန်နိုင်ငံထုတ် Nikkei Asia သတင်းမှာ ရေး
ဗွီအိုအေ မြန်မာညချမ်း ဇွန်လ ၅ ရက် ၂၀၂၃
ရှမ်းပြည်မြောက်ပိုင်း လားရှိုးနဲ့ သိန္နီမြို့တို့မှာ တိုက်ပွဲတွေ ဖြစ်ပွား၊ ကလေးနဲ့ ပုလဲမြို့နယ်တွေမှာ စစ်ကောင်စီလေကြောင်းက တိုက်ခိုက်၊ ဝက်လက်မှာ အိမ် ၆၀ ကျော် စစ်ကောင်စီမီးရှို့စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ စီးပွားရေး၊ လူမှုရှုခင်းနဲ့ သက်တံရောင် သတင်းလွှာတို့ကို နားဆင်ကြရမှာပါ။