TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇွန် ၅၊ ၂၀၂၂။
ထိုင်းနိုင်ငံသား တဦး သတ်ဖြတ်ခံရမှုနဲ့ ဆက်စပ်ပြီး မြန်မာ ၃၀၀ လောက်ကို ဖမ်းဆီး၊ တရုတ်နိုင်ငံ Tiananmen ရင်ပြင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု နှစ်ပတ်လည်နေ့၊ အကျဉ်းထောင်တွင်း ညှဉ်းပန်း နှိပ်စက်မှုများ- အပတ်စဉ် ဒို့အသံ အစီအစဉ်၊ လက်နက် စွဲကိုင်ခွင့်နဲ့ တော်လှန်ခွင့် အကြောင်း - ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင် ကမ္ဘာနဲ့ အပတ်စဉ် ကဏ္ဍတွေကို နားဆင်ကြရပါမယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း
ဗွီအိုအေ မြန်မာ နေ့စဉ် တီဗွီသတင်းလွှာ တွေကို INTELSAT 17, 19 နဲ့ EUTELSAT 70B ဂြိုလ်တုတွေကနေ နေ့စဉ် (၂၄) နာရီပတ်လုံး ထုတ်လွှင့်ပေးနေပါတယ်။ နေ့စဉ် ည (၇) နာရီတိုင်းမှာ မြန်မာပိုင်းအစီအစဉ်သစ်ကို တင်ဆက်ပေးပြီးတော့ နောက်နေ့ အစီအစဉ်သစ် မပြောင်းခင်အထိ အကြိမ်ကြိမ်ထပ်မံ ထုတ်လွှင့်ပေးနေပါတယ်။
ဗွီအိုအေ ရေဒီယို ဇွန် ၅၊ ၂၀၂၂
ထိုင်းတောင်ပိုင်းမှာ ရိုဟင်ဂျာ ၆၀ နီးပါး ဖမ်းမိ၊ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုစာအုပ် မိတ္တူကူးရောင်းတဲ့စာအုပ်တိုက် အပိတ်ခံရ၊ ဝါရှင်တန်က စွံ့အ နားမကြားသူတွေရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနား စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း၊ မြန်မာပြည်ကပးစာ၊ သတင်းတွေထဲကသုတနဲ့ ကမ္ဘာတလွှားထူးခြားဆန်းပြား သတင်းများ တို့ကို တင်ဆက်ပေးသွားပါမယ်။