ရိုဟင်ဂျာအရေးကိုင်တွယ်ဖို့ ကုလလုံခြုံရေးကောင်စီကို ဘင်္ဂလားဒေရ်ှတိုက်တွန်း၊အဒါနီ ဆိပ်ကမ်းလုပ်ငန်း အရှုံးခံရောင်းပြီး မြန်မာက ထွက်ခွာ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာမြန်မာ့အရေးသုံးသပ်ချက်၊ကျန်းမာရေးနဲ့အားကစားအစီအစဉ်တွေထုတ်လွှင့်ပေးပါမယ်။
ဗွီအိုအေ မြန်မာ နေ့စဉ်တီဗွီသတင်းလွှာကို INTELSAT 17, 19 နဲ့ EUTELSAT 70B ဂြိုလ်တုတွေကနေ နေ့စဉ် (၂၄) နာရီပတ်လုံး ထုတ်လွှင့်ပေးနေပါတယ်။ နေ့စဉ် ည (၇) နာရီတိုင်းမှာ မြန်မာပိုင်းအစီအစဉ်သစ်ကို တင်ဆက်ပေးပြီးတော့ နောက်နေ့ အစီအစဉ်သစ် မပြောင်းခင်အထိ အကြိမ်ကြိမ်ထပ်မံ ထုတ်လွှင့်ပေးနေပါတယ်။
မြန်မာ့အရေး အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား ဖက်ပေါင်းစုံနဲ့ဆွေးနွေး၊ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ရခိုင်ပြည်နယ်မှာ လာရောက်အကဲခတ် စတာတွေအပြင်၊ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့ နည်းပညာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။