TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မတ်လ ၅ ရက် ၂၀၂၃
ကန်နိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet မြန်မာတိုင်းရင်းသား အဖွဲ့တွေနဲ့ တွေ့ဆုံ၊ အာဆီယံဒေသတွင်း လွှတ်တော်အမတ်တွေဖိနှိပ်ခံနေရမှု၊ ယူကရိန်း အရှေ့ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေ စတဲ့ သတင်းတွေနဲ့ အတူ အပတ်စဉ်တင်ဆက်နေတဲ့ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ မတ် ၅ ရက်၊ ၂၀၂၃
မြွေတွေ၊ ကင်းလိပ်ချောတွေနဲ့ အတူ ကော်ဖီသောက်ချင်သူတွေအတွက် ကော်ဖီဆိုင်၊ ကော်ဖီထဲ သံလွင်ဆီ ထည့်ဖျော်ပေးတဲ့ဆိုင်၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ရင်သွေးတွေမှာ ပါလာတတ်တဲ့ Down Syndrome အကြောင်း လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ဝါသနာပါရာလုပ်နေကြသူများအကြောင်း နေရာပေါင်းစုံ၊ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ မတ်လ ၅ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (မတ်လ ၀၅၊ ၂၀၂၃)
ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားအပြင်းအထန် ထိုးစစ်ဆင်၊ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မီးအကြီးအကျယ်လောင်ကျွမ်း၊ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများ အစီအစဉ်တွေကိုလည်း တင်ဆင်မှာ ဖြစ်ပါတယ်။