TV Schedule
၂၀၂၂ မတ်လ(၅)ရက် စနေမနက်ခင်း VOA -
၂၀၂၂ မတ်လ(၅)ရက် စနေမနက်ခင်း VOA - ယူကရိန်းကိုကျူးကျော်တဲ့ ရုရှားကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ UNHRC က ရှုတ်ချလိုက် ၊ VOA နဲ့ BBC အပါအဝင် နိုင်ငံခြား သတင်းမီဒီယာတွေ ရုရှားက ပိတ်ပင်တဲ့ ထိပ်တန်းသတင်းနဲ့ စစ်ကောင်စီရဲ့နိုင်ငံသားအဖြစ်ကရပ်စဲမှု NUG ဝန်ကြီးတွေ လက်မခံတဲ့ ဆက်သွယ်မေးမြန်းချက်၊ လျှပ်စစ်မီး မရလို့ ပြည်သူတွေ ပိုအခက်ကြုံနေရ၊ ချင်းပြည်နယ်က စစ်ရှောင်တွေကို မီဇိုရမ်အစိုးရက ဆက်လက်ကူညီမယ့် သတင်းပေးပို့ချက်တွေ အပြင်၊ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ အပတ်စဉ်ကဏ္ဍများ။
ဗွီအိုအေ တပတ်အတွင်းသတင်း (မတ်လ ၅ ရက်၊ ၂၀၂၂)
မြန်မာနိုင်ငံမှာ လူဦးရေရဲ့ ၂၅% စားနပ်ရိက္ခာ မလုံလောက်တဲ့ ပြဿနာ ရင်ဆိုင်နေရ၊ အမေရိကန်၊ အာဆီယံ ထိပ်သီးစည်းဝေးပွဲတက်ဖို့ စစ်ကောင်စီအဆင့်မြင့်ကိုယ်စားလှယ်ကို ဖိတ်ကြားမှာ မဟုတ်၊ ရုရှားကျူးကျော်စစ် ဆက်လက် တိုက်နေပြီး နိုင်ငံသားတွေ အိုးအိမ်စွန့် ပြေးနေကြရ၊ ဒီလို မြန်မာ၊ ကမ္ဘာ တပတ်အတွင်း သတင်း စုစည်းတင်ပြချက်နဲ့ သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၂ မတ်လ ၅ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း မတ်၅၊၂၀၂၂
ယာယီအပစ်ရပ်ထားမယ်ဆိုတဲ့ရုရှား ကတိချိုးဖောက်ဟု ယူကရိန်းဝေဖန်၊ AA အနေနဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးဖို့မရှိ၊ မြောက်ကိုရီယား ပဲ့ထိန်းဒုံး ထပ်မံစမ်းသပ်ပစ်ခတ် စတဲ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့ ကမ္ဘာ သတင်းစုစည်းချက်တွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။